Tuesday, July 9, 2019

iMyanmarHouse.com လစဉ်ဝန်ဆောင်မှုပေးနိုင်သည့် တန်ဖိုးကျပ် ၁၀ ဘီလီယံခန့် ရှိဟုဆို

အိမ်ခြံမြေ ရောင်း၊၀ယ် ၀န်ဆောင်မှုပေးသည့် ၀က်ဘ်ဆိုက် iMyanmarHouse.comသည် တစ်လလျှင် ကျပ် ၁၀ ဘီလီယံခန့်အထိ ရောင်းချနိုင်ရန် ၀န်ဆောင်မှု  ပေးနိုင်ခဲ့ကြောင်း iMyanmarHouse.com ၏  မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။ ‘‘ကျွန်တော်တို့ ၀က်ဘ်ဆိုက် ကနေတစ်ဆင့် အရောင်းအ၀ယ်နဲ့ အငှားဖြစ်သွားတဲ့ ၀န်ဆောင်မှုတွေကတော့ တစ်လကို အနည်းဆုံး ခုနစ်ဘီလီယံကနေ ၁၀ ဘီလီယံဝန်းကျင်လောက်ထိ ရှိနေပါတယ်။ ဒါကလည်း ကျွန်တော်တို့တစ်ခုတည်း မဟုတ်ပါဘူး။  လက်တွဲပြီး လုပ်ကိုင်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့အတွက်ပါ’’ဟု ဦးနေမင်းသူက ပြောသည်။



iMyanmarHouse.comသည် နိုင်ငံအနှံ့အပြားရှိ မြို့ကြီး၊ မြို့ငယ်များမှ အိမ်ခြံမြေ ၀ယ်ယူလိုသူများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ကိုယ်ပိုင် အိမ်ခြံမြေ ရောင်းလိုသူများကို တစ်နေရာတည်း ဆုံစည်းနိုင်ရန် ချိတ်ဆက်ပေးသည့် ၀က်ဘ်ဆိုက်ဖြစ်ပြီး ၂၀၁၃ ကစ၍ ၂၀၁၈ ဒီဇင်ဘာအထိ ခြောက်နှစ်အတွင်း ကန်ဒေါ်လာသန်း ၃၅၀ ဖိုးအထိ ရောင်းချနိုင်ရန် ၀န်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

‘‘ကျွန်တော်တို့နဲ့ လက်တွဲပြီး လုပ်ကိုင်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းပေါင်း ၂,၃၀၀ ကျော်ရှိပါတယ်။ ဒီလုပ်ငန်းတွေကတစ်ဆင့် ၀က်ဘ်ဆိုက်မှာ အရောင်းအ၀ယ် ဖြစ်သွားတဲ့ ပမာဏကိုပြောတာ ဖြစ်ပါတယ်’’ ဟု ဦးနေမင်းသူက ပြောသည်။ လက်ရှိတွင် iMyanmar -House.com ၀က်ဘ်ဆိုက်၌ မြန်မာနိုင်ငံတစ်ဝန်းမှ ငှားရမ်းရန်နှင့် ရောင်းချရန် အိမ်ခြံမြေ ကြော်ငြာ နှစ်သန်းကျော်ကို အလွယ်တ ကူ ရှာဖွေနိုင်ရန် တင်ပေးထားပြီး ၀ယ်ယူလိုသူများနှင့် ရင်းနှီးမြှုပ်နှံ လိုသူများအတွက် အသစ်ပေါ်ထွက်လာမည့် စီမံကိန်းများပါ တင်ထားကာ လစဉ်ဝင်ရောက် ကြည့်ရှုသူ ၃ ဒသမ ၈ သန်းကျော်ရှိကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment