Tuesday, July 9, 2019

အမေရိကန်ကိုနိုင်ပြီးမက္ကဆီကို ကွန်ကာကပ်ဖ်ဖလား ဆွတ်ခူး

အမေရိကန်ကို ဂျိုနသန် ဒိုဆန်းတို့စ်၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိပြီးနောက်မက္ကဆီ ကိုသည် ၎င်းတို့၏ကွန်ကာကပ်ဖ် (Gold Cup) ဖလားရရှိမှု စံချိန် တင်အရေအတွက် ပိုများလာ သည်။ချီကာဂိုမြို့ရှိ Soldier Field ဘောလုံးကွင်းတွင် အယ်လ်အေ ဂလက်စီကွင်းလယ်လူ ဒိုဆန်း တို့စ်၏ဂိုးဖြင့် မက္ကဆီကိုက အနိုင် ရရှိခြင်းဖြစ်သည်။ ခရစ်ရှန်ပူလစ်ဆစ်သည် စောစောပိုင်းတွင် ကောင်းမွန် သောအခွင့်အရေးတစ်ခု ရရှိခဲ့ သော်လည်း အမေရိကန်နည်းပြ ဂရစ်ဇ်ဘာဟော်လ်တာက မက္က ဆီကိုသည် ပိုကောင်းသောအ သင်းဖြစ်သည်ဟု ပြောသည်။



မိမိတို့သည် တည်ငြိမ်မှုနှင့် ပေါင်းစည်းမှုမရှိခဲ့ဟု ထင် ကြောင်း ဘာဟော်လ်တာက ပြောသည်။ ၁၉၉၁ မတိုင်မီက ကွန်ကာကပ်ဖ် ချန်ပီယံရှစ်ပြိုင်ပွဲ ဟုခေါ်ခဲ့သော Gold Cup သည် မြောက်အမေရိက၊ ဗဟိုအမေရိ ကနှင့် ကာရစ်ဘီယံဒေသတို့၏ တိုက်လုံးဆိုင်ရာ ချန်ပီယံအသင်း ကို ပေးအပ်ခြင်းဖြစ်သည်။

မက္ကဆီကိုသည် ယင်းပြိုင်ပွဲ  ရာဇဝင်တွင် ယခုအထိဖလား ၁၁ လုံးရထားပြီး ၂၀၁၇ က ဗိုလ်စွဲခဲ့ သော အမေရိကန်ထက် ဖလား ငါးလုံးပိုသည်။ မက္ကဆီကိုနည်းပြ အန်ဒရီးစ် ဂွာဒါဒိုက ဖလားရ၍ အလွန်ပျော် ရွှင်မိသည်ဟု ပြောသည်။ ကနေဒါမှ ဂျိုနာသန်ဒါဗစ်က သွင်းဂိုးခြောက်ဂိုးဖြင့် ဂိုးသွင်းဘု ရင်ဖြစ်ပြီး ဝုဖ်တိုက်စစ်မှူး ဂျီမီ နက်ဇ်သည် ကနေဒါတိုက်စစ်မှူး လူးကပ်စ်ကာဗယ်လီနီနှင့် အတူ သွင်းဂိုးငါးဂိုးစီဖြင့် ဒုတိယနေရာ၌ ပူးတွဲရှိနေသည်။ 

No comments:

Post a Comment