Tuesday, July 9, 2019

ကုန်သွယ်ရေးလုပ်ငန်းများအတွက် ချေးငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပုဂ္ဂလိကဘဏ်များ ထုတ်ချေး

 ပြည်တွင်းပုဂ္ဂလိက ဘဏ်များရှိ ချေးငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကုန် သွယ်ရေးလုပ်ငန်းများသို့ ထုတ် ချေးထားကြောင်း ဗဟိုဘဏ်စာရင်းများကဆိုသည်။ ၂၀၁၈ စက်တင်ဘာတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များက ကုန်သွယ်ရေး လုပ်ငန်းများကို ကျပ်ဘီလီယံ ၆,၇၀၀ ကျော်ထုတ် ချေးထားကြောင်း ဖော်ပြထား သည်။ အဆိုပါလတွင် ပုဂ္ဂလိက ဘဏ်များက ထုတ်ချေးငွေစုစု ပေါင်း ကျပ်ဘီလီယံ ၂၁,၀၀၀  ကျော်ရှိကြောင်း ဗဟိုဘဏ်၏ Quarterly Financial Statistics Bulletin 2018 Volume 3 ၌ ဖော်ပြထားသည်။



၂၀၁၈ မတ်လမှ စက်တင် ဘာအတွင်း အကျုံးဝင်သည့် ဗဟို ဘဏ်ထုတ်ပြန်ချက်တွင် ပုဂ္ဂလိ ကဘဏ်များမှ စီးပွားရေးလုပ်ငန်း များသို့ ငွေချေးသည့်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည် ဟု ဆိုထားပြီး မတ်လတွင် ပုဂ္ဂလိ ကဘဏ်များမှ စီးပွားရေးလုပ်ငန်း များသို့ ကျပ်ဘီလီယံ ၁၉,၀၀၀ ကျော် ထုတ်ချေးကြောင်း ဖော်ပြ ထားသည်။

‘‘ဘဏ်တွေက ကုန်သွယ် ရေးချေးငွေတွေများတာ နှစ်တို ချေးငွေမျိုးဖြစ်လို့ပါ’’ ဟု အငြိမ်း စားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ရှည် ချေးငွေနှင့်ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ထုတ်ချေး လေ့နည်းပါးကြောင်း ၎င်းကဆို သည်။

ထို့အပြင် ပုဂ္ဂလိကဘဏ် များ၌ ကုန်သွယ်ရေးချေးငွေပမာ ဏများခြင်းသည်ငွေချေးသူစီးပွား ရေး လုပ်ငန်းရှင်များက ကုန်သွယ် ရေးခေါင်းစဉ်ဖြင့် ငွေချေးပြီးအ ခြား လုပ်ငန်းများတွင်လည်း သုံး စွဲနိုင်၍ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် တစ်ခုမှ အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။

ငွေချေးသူက ချေးငွေကို တင်ပြသည့် လုပ်ငန်းတွင် မှန်မှန် ကန်ကန် သုံးစွဲမှုရှိ၊ မရှိ စစ်ဆေး ရန် ပုဂ္ဂလိကဘဏ်များ၌လည်း အားနည်းမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၈ စက်တင်ဘာတွင် ပုဂ္ဂလိကဘဏ်များမှ အထွေထွေ ချေးငွေအမျိုးအစားက ဒုတိယအ များဆုံးဖြစ်ပြီး ကျပ်ဘီလီယံ ၃,၇၀၀ ကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းများက တတိယအများ ဆုံးဖြစ်ကာ ချေးငွေကျပ် ၃,၁၅၃ ဘီလီယံကျော် ထုတ်ချေးထား သည်ဟု ဗဟိုဘဏ်၏ စာရင်းများ က ဆိုသည်။ ပုဂ္ဂလိကဘဏ်များ ၏ အနည်းဆုံးချေးငွေကဏ္ဍသည် အိမ်ရာချေးငွေ အမျိုးအစားဖြစ်ပြီး ကျပ်ဘီလီယံ ၅၀ သာရှိသည်။ ပုဂ္ဂလိကဘဏ်များမှ ချေး ငွေအတွက် အပေါင်ပစ္စည်းအဖြစ် မြေနှင့်အဆောက်အအုံများသာ အများစုလက်ခံလေ့ရှိပြီး ၂၀၁၈ စက်တင်ဘာတွင် ဘဏ်များလက် ခံထားသော မြေနှင့်အဆောက်အအုံ အပေါင်ပစ္စည်းတန်ဖိုး စုစု ပေါင်းသည် ဗဟိုဘဏ်စာရင်းအရ ကျပ်ဘီလီယံ ၁၅,၀၀၀ ခန့်ရှိနေ သည်။

No comments:

Post a Comment