Tuesday, July 9, 2019

တရုတ်ကို ဆန်တင်ပို့ဖို့ ဆန်စက် ၇၉ စက်ကိုရွေးချယ်ထား

တရုတ်နိုင်ငံကို ဆန်တင်ဖို့ တင်ပြလာတဲ့ ဆန်စက်တစ်ရာကျော် ထဲက ဆန်စက် ၇၉ စက် ရွေးချယ် ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဆီက သိရပါတယ်။ ကုမ္ပဏီ ၄၂ ခု က ဆန်စက် ၁၀၃ စက်ကို တင်ပြခဲ့တာဖြစ်ကာ အဲဒီထဲကမှ သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆန်စက်တွေကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။ြ မန်မာနိုင်ငံကနေ တရုတ်ကို ဆန်တန်ချိန် တစ်သိန်း တင်ပို့ဖို့ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက တရုတ်ပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တို့တွေ့ဆုံပြီး သဘောတူညီမှု ရရှိထားတာပါ။



ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေနဲ့ ဆန်စက်စာရင်း တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် နိုင်ဖို့ စိုက်ပျိးရေးဦးစီးဌာန ကိုတင်ပြထားတယ်လို့ လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုထားပါတယ်။

တရုတ်နိုင်ငံ ကို ဆန်တင်ဖို့ ရာမှာမြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နဲ့ သက်ဆိုင်ရာအစိုးရ ၀န်ကြီးဌာနတွေပူးပေါင်းပြီး အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

ဒါ့အပြင် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနဲ့ စမ်းသပ်မှုလုပ်ငန်းလီမီတက် MITS က တရုတ်နိုင်ငံကို ဆန်တင်ပို့မယ့် ကုမ္ပဏီတွေကို စစ်ဆေးမှုတွေပြုနေတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံအကြား ၂၀၁၄ က ချုပ်ဆိုထားတဲ့ စာချုပ်အရ တရုတ်နိုင်ငံကို တင်ပို့ ရောင်းချ လိုတဲ့ ကုမ္ပဏီတွေဟာ ပိုးမွှားကင်းရှင်းရေးကိစ္စ ၊ သိုလှောင်သန့်စင်ကြိတ်ခွဲ ရာ မှာ လိုက်နာရမယ့် အရည်အသွေး စီမံခန့်ခွဲမှု ကိစ္စတွေ ကို သတ်မှတ်စည်းကမ်းချက်တွေအတိုင်းလိုက်နာလို့ ပါရှိပါတယ်။ ဒီလို လိုက်နာတဲ့ကုမ္ပဏီတွေ ကိုပဲ တရုတ်နိုင်ငံကိုဆန်တင်ပို့ဖို့ရွေးချယ် တယ်လို့သိရပါတယ်။

No comments:

Post a Comment