Tuesday, July 9, 2019

အစိုးရ၏ စစ်ရှောင်စခန်းအားလုံးပိတ်သိမ်းရေး မဟာဗျူဟာစီမံကိန်းကို လိုင်ဇာ၌ သုံးသပ်ဆွေးနွေး

 အစိုးရ၏ တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းအားလုံး ပိတ်သိမ်း ရေး မဟာဗျူဟာစီမံကိန်းအပေါ် သုံးသပ်ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ကချင်လက်နက် ကိုင်အဖွဲ့ (KIO/KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း ပြုလုပ် ခဲ့သည်ဟု ကချင်အသိုင်းအ၀ိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြော သည်။ ဇူလိုင်လဆန်းတွင် ကျင်းပ သည့် အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် ဆွေးနွေးမှုများ ရှိသော် လည်း သုံးသပ်ချက်များ၊ အကြံပြု ချက်များ ထွက်ပေါ်လာခြင်းမရှိ သေးကြောင်း  ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်(KBC)မှ ဦးခါးလီ က  ပြောကြားသည်။



ကက်သလစ်အသင်းတော် မှ ဖာသာအောင်ဒန်ကလည်း ‘‘အစိုးရတင်သွင်းထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ IDP Camp များ ပိတ်သိမ်းရေး မဟာဗျူဟာ စီမံ ကိန်းအပေါ်မှာ ပြန်ပြီးတော့  သုံး သပ်တဲ့ အနေအထားပဲရှိတယ်။ အဲဒီအနေအထားကို ကချင်ပြည် နယ်နဲ့ ဘယ်လိုအပ်စပ်အောင် အသုံးပြုမလဲဆိုတဲ့ အပိုင်းကို Workshop လေး သဘောအနေနဲ့ လုပ်ကြတာ’’ဟု ပြောကြားသည်။

 ကချင်ခရစ်ယာန်ဘာသာ ရေးခေါင်းဆောင်များမှ ကိုယ်စား လှယ်များ ပါဝင်သည့် ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC)သည် အစိုးရနှင့် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး  စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး နှင့် စစ်ရှောင်များ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာများ ညှိနှိုင်း ဆောင်ရွက်နေသည်။

လိုင်ဇာ၌ စစ်ရှောင်အရေး ကိစ္စများ ဆွေးနွေးခဲ့ခြင်းနှင့်ပတ် သက်ပြီး တိကျသည့်အဖြေ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း  KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၈ ရက်တွင် ပြောသည်။

 ‘‘ဒါပေမဲ့ အဓိကကတော့ KIO ရဲ့ သဘောထားကတော့အစိုးရနဲ့၊ တပ်မတော်နဲ့ သဘောတူညီချက် တစ်စုံတစ်ခုရမှသာ ဒီစစ်ဘေးဒုက္ခသည်တွေကို၊ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ အစီအစဉ်ပြန်ဆွဲဖို့ KIO ရဲ့ သဘောထားရှိပါတယ်’’ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

အစိုးရ၊ တပ်မတော်နှင့်KIO အကြား သဘောတူညီချက်မရ သေးသော်လည်း အချို့ကျေးရွာ များတွင် စစ်ရှောင်များ ပြန်လည် နေထိုင်နေခြင်းများ ရှိသည်ဟု ၎င်းကဆိုသည်။

 ‘‘တချို့နေရာမှာ တပ်မ တော်က ပြန်ခိုင်းတာရှိတယ်။ တ ချို့ရွာတွေမှာက ကိုယ့်ဘာသာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပြန် တာလည်းရှိတာပေါ့။ အဲဒါတွေ ကို ဘာသာရေးခေါင်းဆောင်တွေ ဘာသာရေးကနေကြည့်ပြီးမှ ကူ ညီရမယ့် သဘောရှိတယ်’’ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KHCC အနေဖြင့်လည်း အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က အဆိုပြုထားသည့် ကချင် ပြည်နယ်ရှိ စစ်ရှောင်စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အချက်အ လက်များကို  KIO/KIA ထံ တင် ပြထားသည်။

အစိုးရအနေဖြင့်  ကျေးရွာ ၂၄ ရွာကို နေရပ်ပြန်လည်နေရာချ  ထားရေး ဆောင်ရွက်ရန် ဆွေးနွေးမှုများရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် KIO/KIA တို့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်မှသာ စစ်ရှောင်များ နေရပ်ပြန်ရေး အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း KHCC က ပြောကြားထားသည်။

၂၀၁၁ ကစ၍ တစ်ကျော့ပြန်ဖြစ်ပွားသော တပ်မတော်နှင့် KIO တို့၏ တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ လူဦးရေတစ် သိန်းကျော် စစ်ဘေးဒုက္ခသည် စခန်းများတွင် အခက်အခဲများစွာ ဖြင့် နေထိုင်နေရဆဲဖြစ်သည်။

No comments:

Post a Comment