Tuesday, July 9, 2019

လက်ရှိမြန်မာ့စီးပွားရေးနှင့် ဆက်စပ်အမြင်အချို့

(က)ြေ ခာက်လတစ်ကြိမ် မြန်မာ့မေခရို စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနယ်ပယ်ကြီးတွေကို စောင့်ကြည့်လေ့လာပြီး သုံးသပ်ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့  မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ    (MEM-Myanmar Economic MonitorJune 2019) ကို သေချာလေ့လာဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ၊ ဂလိုဘယ်ဘဏ္ဍာရေးအင်စတီကျူးရှင်းကြီးရဲ့ မြန်မာ့စီးပွားရေးကိုကဏ္ဍအလိုက်စနစ်တကျ သုတေသနပြု လေ့လာဆန်းစစ်တင်ပြချက်တွေ၊ ခန့်မှန်းချက်တွေ၊ အပြုသဘောသုံးသပ်ထောက်ပြချက်တွေဟာ ရေပက်မ၀င် ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုရီပို့မျိုးဆိုတာက အင်မတန်လည်း အရေးကြီးလှတယ်။
နိုင်ငံအတွက်၊ အစိုးရအတွက်၊ စီးပွားရေးလုပ်ငန်းတွေအတွက်၊ ပညာရှင်တွေအပြင်        လေ့လာသုံးသပ်သူ၊ သုတေသီ၊ ပညာသင်တွေအတွက်၊ ဒါတင်မကပါဘူး။ နိုင်ငံအတွက်လို့ဆိုကတည်းကတော့ သက်ဆိုင်နေတဲ့ နယ်ပယ်သာမက နိုင်ငံသားတွေအတွက်လည်း အလိုလိုကိုအရေးကြီးသွားစေတာမျိုးလို့ ပြောရပါမယ်။ ပညာရပ်နယ်ပယ်မှာလည်း ကိုးကားမှီငြမ်းမှု အများဆုံးဖြစ်တဲ့ ဒီရီပို့ကို ကမ္ဘာ့ဘဏ်နဲ့အတူ မြန်မာဘက်က စီမံဘဏ္ဍာ၊စီးပွားကူးသန်း၊ ဗဟိုဘဏ်တို့ကလည်း ပူးပေါင်းထားတာလို့ ကြိုသိရပါတယ်။  ဒီတစ်ကြိမ် ရီပို့ဖတ်ရတာက အတော့်ကို ၀မ်းသာရပါတယ်။ မြန်မာ့စီးပွားကို ‘တည်ဆောက်၊ ပြောင်းလဲပြုပြင်၊ အရှိန်အဟုန်’ (Building, Reform, Momen-tum) လို့ အပေါင်းလက္ခဏာ ဆောင် ဖွင့်ဆိုပြလိုက်လို့ပါ။ ရီပို့ကို အနှစ်ချုပ်၊ လတ်တလော ဖွံ့ဖြိုး တိုးတက်လာမှု အခြေအနေများ၊ စီးပွားရေးမျှော်မှန်းချက်နှင့် ထိခိုက်နိုင်ခြေများလို့ ခေါင်းစဉ်ခွဲ သုံးခုနဲ့ ဖော်ပြပါတယ်။ နောက်ဆုံးမှာ တော့ အထူးပြုအကြောင်းအရာ နှစ်ချက်ကို ပြဆိုတိုက်တွန်း အကြံပြုထားပါတယ်။ မူရင်းရီပို့က အင်္ဂလိပ်ဘာသာနဲ့ စာမျက်နှာ ၆၀ ရှိပါ တယ်။ ပညာရပ်သုံးဝေါဟာရတွေ အပြင် အင်ဒီကေတာတွေ၊ ဂရပ်ဖ် တွေ၊ သီးသန့်ဆန်တဲ့ဇယားတွေ ကြောင့် သာမန်အရပ်သား၊ အများ ပြည်သူအတွက်တော့ ဖျတ်ခနဲ နားလည်ဖို့ ခဲယဉ်းလှပါတယ်။ စီးပွားရေးပညာရပ်အပြင် ဖွံ့ဖြိုးရေးပညာရပ်ပါ တွဲယှက်ဆက် နွှယ်နေတာကြောင့်လည်း ဖြစ်ပါ တယ်။ ပညာရပ်တွေကနေကို အတော် ပြန်ကြည့်မြင်ယူရတာမို့ပါ။ အခုဆောင်းပါးရဲ့ အဓိကပြော လိုရင်းကို မသွားခင် ရီပို့ကို အ နည်းငယ်ပြန်နွှေးရင်း အကျဉ်းချုံး ကြည့်ကြပါမယ်။

အနှစ်ချုပ် - ၂၀၁၈ တုန်းက အတော်လှုပ်ခတ်ခဲ့ပေမယ့် ၂၀၁၉ ပထမခြောက်လမှာ မြန်မာ့စီးပွား ရေး တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာပြီး တစ်ဖန် အရှိန်ပြန်ရလာ ပါတယ်။ ၂၀၁၈-၂၀၁၉ အစိုးရဘဏ္ဍာရေးနှစ်မှာ ကာလသတ် မှတ်ချက် စတင်ပြောင်းလဲခဲ့တာ ကြောင့် အကူးအပြောင်း ထရန်စစ်ရှင်း သုံးလ နှစ်ကြိမ် ထည့် တွက်ပြခဲ့ရပြီး ၂၀၁၈ ဧပြီ ၁ ကနေ ၂၀၁၈ ဇွန် ၃၀ အထိကို အကူးအပြောင်းကာလ-၁ လို့ သတ်မှတ် တယ်။ ၂၀၁၈ ဇူလိုင် ၁ ကနေ ၂၀၁၉ စက်တင်ဘာ ၃၀ အထိကို အကူးအပြောင်းကာလ-၂ လို့ MEM က သတ်မှတ်တွက်ချက်ခဲ့ ရတာကို ပြပါတယ်။ အခုရီပို့က ၂၀၁၉ ပြက္ခဒိန်နှစ် ပထမ ခြောက်လအတွက် ထုတ်ပြန်တာမို့ ကြည့်ကြ၊ မြင်ကြရာမှာ နည်းနည်းပိုဂရုစိုက်ခဲ့ကြရပါတယ်။ ဆိုလိုချင်တာက မြန်မာ့စီးပွားရေးတိုးတက်မှု နှုန်းက အကူးအပြောင်းကာလမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၂၀၁၉ စက်တင်ဘာ ၃၀ မှာပြီးဆုံးမယ်) မှာတော့ ၆ ဒသမ ၅ ရာခိုင် နှုန်းကို မြင့်တက်မယ်လို့ မျှော်မှန်း တယ်။ ကမ္ဘာနဲ့အ၀ှန့်မှာတော့ စိန် ခေါ်မှုတွေ တင်းကျမ်းပေမယ့် မြန်မာမှာ ကာလလတ် သက်တမ်း အတွက် စီးပွားရေးတိုးတက်မှုကို ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိဖို့ မျှော်မှန်းထားတယ်။ ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှု နှစ်ပိုင်းလုံးမှာ ထိရောက်တဲ့ စွမ်းဆောင်ရည်ကြောင့်လို့ ဆိုပါတယ်။ ဒီမျှော်မှန်းချက်တွေအပေါ် အနုတ်လက္ခဏာဆောင်နေစေနိုင်တာတွေက အီးယူကနေ GSP စနစ် ရုပ်သိမ်းသွားနိုင်ခြေ၊ နယ်စပ်ဒေသတွေ မလုံခြုံ မတည်ငြိမ်မှု၊ ရခိုင်အရေး၊ AA နှင့်ဆက်စပ်ကိစ္စတွေ၊ ကမ္ဘာတစ်ဝန်းနဲ့ ဒေသတွင်း ဖွံ့ဖြိုးမှုနှေး ကွေးနေတာကြောင့် ပို့ကုန်ကျနိုင် တာနဲ့ ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှု တွေလည်း နှေးကွေးနိုင်ခြေရှိတာ တွေလို့ ဆိုပါတယ်။ 

လတ်တလော ဖွံ့ဖြိုးတိုးတက်လာ မှုအခြေအနေများ
(၁)  ကမ္ဘာနဲ့ ဒေသတွင်း၊ အာဆီယံတို့ စီးပွားရေးတိုးတက်မှု အလားအလာ၊ (၂) မြန်မာ့စီးပွား ရေး တိုးတက်မှုခန့်မှန်းချက်တွေ၊ (၃) နိုင်ငံရဲ့ Current Account လိုငွေပြမှုနဲ့ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI၊ (၄) အဓိကလူသုံးကုန်များဆိုင်ရာ ငွေကြေး ဖောင်းပွမှုနှုန်း (Core Inflation)၊(၅) ဘဏ်လုပ်ငန်း၊ (၆) ဘဏ္ဍာရေးဆိုင်ရာများဆိုပြီး အချက် ခြောက်ချက် ခွဲခြားအသေးစိတ် တင်ပြပါတယ်။ တစ်ချက်ချင်းစီ မှာ ပြောစရာတွေ အများကြီး ရှိလာနေပေမယ့် ဖြည်းဖြည်းမှပဲ ဇာတ်ရည်လည်၊ လိပ်ပတ်လည်ပါမယ်။ အခုခြောက်လအတွက် ခြုံငုံသုံးသပ်ချက်ကတော့ ‘တက်’ လာခဲ့ ပါတယ်။

စီးပွားရေးမျှော်မှန်းချက်နှင့်ထိခိုက်နိုင်ခြေများ
စီးပွားရေးပြုပြင်ပြောင်းလဲ မှုအရှိန်အဟုန်၊ အကြီးစားရင်းနှီး မြှုပ်နှံမှုစီမံကိန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်မှု စတာ တွေကြောင့် မြန်မာ့စီးပွားရေး ပိုမိုဦးမော့လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ထိခိုက်နိုင်ခြေ တွေကတော့ ပြင်ပရင်းမြစ်ကိစ္စ ရပ်တွေမှာ ပိုပြီး မူတည်နေတာ တွေ့ရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

အထူးပြုအကြောင်းအရာ

(၁) လျှပ်စစ်မီး၊ (၂) လူမှုဖူ လုံရေး နှစ်ချက်ပါ။

(ခ)လောလောဆယ် အဓိက တင်ပြချင်တဲ့ အကြောင်းအရာက ရီပို့ရဲ့နောက်ဆုံးပိုင်း (ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအတွက် အ ထူးပြု ပြဆိုတိုက်တွန်း အကြံပြု ချက်နှစ်ချက်) ဖြစ်ပါတယ်။

           ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွေကို နှစ်စဉ် ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာ ထုတ်ပြန်တာဖြစ်တယ်။ ပိုပြီး တိတိကျကျပြောရရင် ဒီရီပို့ကို မိတ်ဆက်ပြီး တရားဝင်ထုတ်ပြန် တာက ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် အင်္ဂါနေ့ပါ။ အခုဆောင်းပါးရေး နေတာက ဇူလိုင် ၅ မနက်ပါ။ ကြားထဲမှာ ရက်သတ္တ နှစ်ပတ် ကျော်ပဲ ခြားသေးပါတယ်။ စာရေးသူ ပြောလို၊ တင်ပြလိုတဲ့ နှစ်ချက်ထဲက ပထမအချက် လျှပ်စစ်မီးမှာတင် ပြောဖို့ကိစ္စတွေ အ တော်ရှိလာနေခဲ့ပါပြီ။

ဇူလိုင်လ ၁ ရက်နေ့က စပြီးနိုင်ငံတော်က အရှုံးခံစိုက်ထုတ်မှု ပမာဏ သိပ်များနေတဲ့အတွက် အစိုးရက လျှပ်စစ်သုံးစွဲမှုနှုန်းထား  (မီတာခ) တွေကို တိုးမြှင့်လိုက်ပါ တယ်။ အများသူငါသိနေပြီးသား၊ မီဒီယာတွေမှာလည်း ဝေဖန်သုံး သပ်ပြချက်တွေ ဒီငါးရက်အတွင်း မှာတောင် အတော်ဖော်ပြကြပြီး သားမို့ အခုစာမှာ မီတာခတက် တာကို သိပ်ဇောင်းမပေးတော့ပါ ဘူး။ အမှန်ကတော့ မီတာခတက် သင့်တာ ကြာပါပြီ။ တက်ဖို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့က ပြီးခဲ့ တဲ့ ဧပြီလကတည်းက ခွင့်ပြုပြီး သားပါပဲ။ ပြောစရာဖြစ်စေတာကတော့ အဲသည်လို ခွင့်ပြုပြီး နောက်ပိုင်း မေ၊ ဇွန် နှစ်လလုံး အများပြည်သူကို သေသေချာချာ ရှင်း လင်းပြောကြားမှု အတော်အား နည်းခဲ့တာကပါပဲ။ ဒါကတော့ တကယ်မကောင်းဘူး။ တကယ် တမ်းမှာ လျှပ်စစ်နဲ့ပတ်သက်ရင် ကိုယ့်နိုင်ငံမှာက အရမ်းကို လိုအပ် ချက်ကြီးမားလှပါတယ်။ မီတာခကတော့ အများပြည်သူနဲ့ တိုက် ရိုက်သက်ဆိုင်တာမို့ ငါးရက်ပဲ ကြိုသိရတဲ့အပေါ် အသံပိုထွက်ကြ တာပဲ ဖြစ်ပါတယ်။ ရှေ့လျှောက် အစိုးရအနေနဲ့ ဒါကို သင်ခန်းစာ ယူပြီး ပြည်သူ့မူဝါဒဆိုင်ရာတိုင်း မှာ ဘက်စုံထောင့်စုံကို သေချာ ဂရု ပိုစိုက်ရမှာပါ။

ကမ္ဘာ့ဘဏ်ရီပို့အရ လျှပ် စစ်မီး၊ လျှပ်စစ်ဓာတ်အားကိစ္စမှာ ခပ်ရှင်းရှင်းကို ပြောထားတာတွေ့ ရပါတယ်။ စွမ်းအင်ဆိုင်ရာ အခြေ ခံအဆောက်အအုံက ၁၀ စုနှစ်အ တွင်းမှာတော့ တိုးတက်ဖြစ်ထွန်းခဲ့ တယ်ဆိုပေမယ့် လျှပ်စစ်ဓာတ် အား ပြတ်တောက်ခြင်းတွေက ပြင်းထန်သော စိန်ခေါ်မှုလို့ကို တိတိပပ သုံးနှုန်းထားပါတယ်။ လျှပ်စစ်စွမ်းအားဖြန့်ဖြူးခြင်း၊ ကြီးမားသော လစ်ဟာချက်၊ စီးပွားရေးတိုးတက်မှုအတွက် ကန့်သတ်ချက်ဖြစ်နေစေတယ်ဆိုတာ တွေကိုလည်း အသေအချာ ထပ်ထပ်ပြောပါတယ်။ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍ အကဲဖြတ် သုံးသပ်ခြင်းအစီအစဉ်ကိုလည်း ညွှန်းဆိုထားပါတယ်။

‘၂၀၃၀ မှာ မြန်မာနိုင်ငံမှ လူအားလုံး ခေတ်မီစိတ်ချ ယုံကြည်ရပြီး တတ်နိုင်လောက်သော လျှပ်စစ်စွမ်းအားရရှိစေရန်’ ဆိုတဲ့ အစိုးရရဲ့ ဦးတည်မျှော်မှန်းချက် မှာ မူဝါဒပိုင်းမှာတင်ပဲ ပြောရမှာ တွေ အတော်များနေကြပါလိမ့် မယ်။ မီတာခတက်မယ်ဆိုတာကို ပြည်သူအများစုကတော့ ကပ်ပြီး မှ သိကြရတာမို့ မကြည်လင်လှ ပါဘူး။ ဒီလိုလူမှုဆိုင်ရာ၊ လူမှုစီး ပွားဆိုင်ရာ ထင်ဟပ်စေနိုင်တဲ့ ကိစ္စမျိုးမှာတောင် ပြည်သူအများစုက အပြုသဘောဆောင်ပေးပြီး အကောင်းဘက် ဦးတည်လိုက်ခဲ့ကြပါတယ်။ မီးချွေတာသုံးမယ် ဆိုတာမျိုးကတော့ နိုင်ငံတော်က မီးကို တာဝန်ယူနေရချိန်တောင် မဟုတ်ပါဘူး၊ မီးတင်မက အခြား သော အရာတွေနဲ့လည်း အကျုံးဝင်တယ်။ လိုအပ်တာကို လိုအပ်သလောက်ပဲသုံးဖို့၊ မလိုအပ်တာ ကို လျှော့သွားဖို့ဆိုတဲ့ အသိတရား ခိုင်သွားရင်၊ လုပ်နိုင်လာရင် ရေရှည်နိုင်ငံအနာဂတ်အတွက် အမြတ်ကြီးကြီးထွက်ပါတယ်။

လူတစ်ဦးချင်းအတွက် တိုက်ရိုက် အကျိုးရှိစေတဲ့ အမူအကျင့်မို့ပါ။ အင်မတန်အရေးကြီးပါတယ်။ မိသားစုဝင်ငွေနဲ့ တိုက်ရိုက်ဆိုင်တဲ့ မည်သည့်ကိစ္စမျိုးမဆိုအတွက်ပါ။ နောက်တစ်ခုကပ်မြင်ရတာက တော့ ဘယ်လိုကိစ္စအပေါ်မှာဖြစ် ဖြစ် ပွဲလန့်အောင်၊ တမင်ဆူအောင် ဖန်တီးတဲ့ လူ၊ အုပ်စုဆိုတာတွေရဲ့ လုပ်တတ်တာတွေကိုတော့ ပြည်သူအများစုက ပိုပိုရိပ်မိသိလာနေ ကြတာ ဖြစ်လာပါတယ်။ အများပြည်သူ တကယ်ပြောသံတွေကို တော့ သေချာဂရုတစိုက် အထူး အလေးထားပေးကြရမှာပါ။ ပေါ်ပေါ်လာမှာတွေတိုင်းကိုလည်း သေချာနားထောင်၊ ခွဲခြမ်းစိတ်ဖြာပြီး တတ်အားသရွေ့ အသွက်ဆုံး အလေးမူတုံ့ပြန်ပေးရမှာပါ။ 

လျှပ်စစ်ဓာတ်အား လိုအပ် ချက်က မြန်မြန်ကြီး မြင့်တက်နေ လာခဲ့တာ အားလုံးအသိပါ။ လျှပ်စစ်သုံးစွဲမှုက တစ်နှစ်မှာ ၁၁ ရာခိုင်နှုန်းတိုးတိုးပြီး၂၀၃၀ အထိ ဆက် လိုနေမှာပါ။ လက်ရှိပမာဏက ၃ ဒသမ ၆ ဂဂ္ဂါဝပ်။ အမြင့်မားဆုံး အနေနဲ့ ၂၀၂၅ မှာ ၈ ဒသမ ၆ ဂဂ္ဂါဝပ်၊ ၂၀၃၀ မှာ ၁၂ ဒသမ ၆ ဂဂ္ဂါဝပ်ရရှိဖို့ မျှော်မှန်းထားတယ်။ အဲဒါကိုဖြည့်ဆည်းဖို့ လျှပ်စစ်ကဏ္ဍမှာ အလုံးစုံရင်းနှီးမြှုပ်နှုံမှုက တစ်နှစ်ကို ယူအက်စ်ဒေါ်လာ နှစ်ဘီလီယံပါ။ ဒီလိုငွေက အစဉ်အဆက် လိုအပ်ခဲ့တဲ့ ပမာဏတွေရဲ့ နှစ်ဆပါ။ ၂၀၂၅ ရောက်ရင် ၅ ဂဂ္ဂါဝပ် မျိုး ဆက်သစ်စွမ်းအား ထပ်ဖြည့်ကို ဖြည့်ရပါမယ်။ အရင်ဆောင်ရွက်ခဲ့သမျှတွေရဲ့ သုံးဆပမာဏပါ။ လျှပ်စစ်စွမ်းအား မူဝါဒတစ်ခု တည်းအတွက်တောင် တစ်နှစ် တစ်နှစ်တိုင်း တိုးလာမယ့် လိုအပ်ချက်က ယူအက်စ်ဒေါ်လာ နှစ်ဘီလီယံ။ ရေ၊ နေ၊ လေ၊ ပြည့်ဖြိုးမြဲ၊ ရုပ်ကြွင်းလောင်စာ အစိုးရမှာ တော့ ရင်းမြစ်ဖြစ်တန်ခြေ ကနဦး စစ်တမ်း၊ မူဝါဒအတွက် ဘယ်လိုအကောင်အထည်ဖော်သွားမယ် စတာတွေ (အနည်းဆုံး ထိပ်သီး ခေါင်းဆောင်ပိုင်းရယ်၊ သက်ဆိုင် တဲ့ ပညာရှင်တချို့ရယ်ဆီမှာ) ရှိနေမယ်ယူဆပါတယ်။ သေချာ တာက နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှု လိုအပ်တာပါပဲ။ ပြီးရင်တော့ ကိုယ့်ယန္တရားပါ။ အဲသည် မက်ကယ်နစ်ဇင်အလုပ်ဖြစ်စေဖို့ပါ။ ပုဂ္ဂလိကပိုင် ဖြည်းဖြည်းချင်း ဖြစ် သွားရင်တော့ အသက်ရှူရ တဖြည်းဖြည်း ပိုချောင်လာပါလိမ့် မယ်။ မတိုင်ခင်တော့ အတော်ထိန်းသိမ်းသတိကြီးရဦးမယ်။ FDI and Mechanism ဆိုတာကတော့ စီးပွားရေးလိုအပ်ချက်တွေ စဉ်းစားတိုင်း ရေလဲသုံးဖြစ်နေပါနေတာပါပဲ။ လျှပ်စစ်တစ်ခုတည်းမှာ တောင် စဉ်းစားမိလေလေ၊ ခေါင်းခဲစရာ ဖြစ်လေလေပါ။

မြန်မာ့စီးပွားရေးအနေနဲ့ မသွားလို့ကလည်း ဘယ်လိုမှ မဖြစ်သလို သွားနေပါလျက် ရောက်တန်သလောက် မရောက်လို့လည်း လုံးဝမဖြစ်ဘူး။ အခုခြောက်လ ၀မ်းသာရပေမယ့် ပျော်နေဖို့အချိန် သိပ်မရှိလှ၊ အခြေအနေမပေးလှ သေးဘူး။ နိုင်ငံ့စီးပွား၊ လူမှုစီးပွား နှစ်ရပ်လုံးအတွက် ဖြစ်တာမို့ပါပဲ။စီးပွားရေးအပြင် ဖွံ့ဖြိုးရေးကိုပါ ထည့်သယ်ပိုးကြရပါဦးမယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုတာက လည်း အကူးအပြာင်းနိုင်ငံတွေမှာ မှ မဟုတ်ပါဘူး။ ကမ္ဘာမှာတောင် ဘောဂဗေဒတစ်ရပ်တည်းမဟုတ် တော့ဘဲ နိုင်ငံရေးရာ စီးပွားရေးနဲ့ လူမှုသိပ္ပံကိုပါ ထည့်သွင်းလာရ တာကြာပါပြီ။ အခုက လူမှုဗေဒ ဆိုစိုင်ရော်လော်ဂျီပါ ပါနေတာက လည်း မျက်ဝါးထင်ထင် ဖြစ်လာ ခဲ့တာတောင် နှစ်အတော် များလာ နေပါတယ်။ သည်တော့ ဆက်ပြောနေကြရစရာတွေ၊ ဆက်ရေးနေကြရစရာတွေလည်း တစ်ပြုံ တစ်မပါပဲ။ ကြိုတင်လက်ဦးထား ချက်တွေ၊ လုပ်ခဲ့ချက်တွေကို ပြန်တည့်ရမှာကလည်း တကယ့်စိန် ခေါ်မှုကြီးပါ။

No comments:

Post a Comment