Tuesday, July 9, 2019

မြန်မာ အမျိုးသမီးများသို့ ယူရိုငါးသန်းကူညီရန် ကုလနှင့်အီးယူ စီစဉ်

ဥရောပသမဂ္ဂ (အီးယူ) နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)သည် မြန်မာ အမျိုးသမီးများအတွက် လာမည့် သုံးနှစ်အတွင်း ယူရိုငါးသန်းကူ ညီထောက်ပံ့ရန် စီစဉ်နေသည်။ ‘အမျိုးသမီးများနှင့် မိန်းက လေးများအတွက် ပထမ’ အစီအ စဉ်၏ ဒုတိယပိုင်းစီမံကိန်းကို ကူညီပေးရန် ဥရောပသမဂ္ဂ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ အ ကြီးအကဲဒေါက်တာ Johann Hesse နှင့် ကုလသမဂ္ဂလူဦးရေရန် ပုံငွေအဖွဲ့၏ နိုင်ငံကိုယ်စားလှယ် Mr Rama Balakrishnan သည် ဇူလိုင် ၅ ရက်က စာချုပ်ချုပ်၍ လက်မှတ်ရေးထိုးခဲ့ကြောင်း အီး ယူက ထုတ်ပြန်သည်။



စီမံကိန်းအရ ကချင်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တွင် ကျား-မအခြေပြုအကြမ်းဖက်မှု၊ သားဆက်ခြား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာတို့အတွက် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် အမျိုးသမီးများနှင့်  မိန်းကလေးများအတွက် ဌာနများ နှင့် ပဋိပက္ခထိခိုက်ခံဒေသများ တွင် အမျိုးသမီးများကို ပံ့ပိုး ပေးမည့် ရွေ့လျားဆေးခန်းများ ဖွင့်လှစ် စီမံဆောင်ရွက်မည်ဖြစ် ကြောင်းလည်း ဖော်ပြသည်။ ‘အမျိုးသမီးများနှင့် မိန်းက လေးများအတွက် ပထမ’ အစီ အစဉ်သည်   အရပ်ဘက်လူမှုအ ဖွဲ့အစည်းများနှင့် အစိုးရဌာန များက ၂၀၁၆ ကတည်းက အ ကောင်အထည်ဖော်နေခြင်းဖြစ် ကာ  ထိုအစီအစဉ် ပထမပိုင်းကို သြစတြေးလျနိုင်ငံ၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊  ဖင်လန် နိုင်ငံ၊ အီတလီနိုင်ငံနှင့် ဆွီဒင်နိုင် ငံတို့က ရန်ပုံငွေပံ့ပိုးပေးခဲ့သည်။

No comments:

Post a Comment