Tuesday, July 9, 2019

မလေးရှားမှာ ပေါင်မုန့် အစာနင်လို့  ၂ နှစ်သမီးလေး သေဆုံး

မလေးရှားနိုင်ငံမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ပေါင်မုန့်စားရာမှ အစာနင်ပြီး သတိလစ် သွားခဲ့တာကြောင့် ဆေးရုံးတင်ပေးခဲ့ပေမယ့် ကံမကောင်းစွာပဲ သေဆုံးသွားကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဆေးရုံတက်ပြီး ၄ ရက်အကြာ ကြာသပတေးနေ့က သေဆုံးသွားခဲ့တာလို့  သိရပါတယ်။ေ ဆးရုံက တာဝန်ရှိသူတွေထံက ကလေးငယ်ရဲ့ ဆေးကုသမှုမှတ်တမ်း အစီရင်ခံစာကို ရရှိခဲ့ပြီးနောက် ၄င်းသေဆုံမှုမှာ မတော်တဆဖြစ်ရပ်သာဖြစ်ကြောင်း Gombak ပြည်နယ်ရဲချုပ် လက်ထောက်ရဲမင်းကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။



၎င်းကလေးငယ်မှာ ပေါင်မုန့်နင်လို့ ဆေးရုံကိုရောက်လာကတည်းက သတိလစ်နေခဲ့ကာ သတိပြန်လည်လာဖို့  အရေးပေါ်ကုသမှုတွေပြုလုပ်ပြီး ပေါင်မုန့်အပိုင်းစကို ဖယ်ရှာခဲ့ပြီးပေမယ့် ကြာသပတေးနေ့မနက်က ဆေးရုံမှာပဲ သေဆုံးသွားခဲ့တာဖြစ်ကြောင်း ရဲအရာရှိကပြောခဲ့ပါတယ်။
ကလေးငယ်ဟာ ပေါင်မုန့်နင်ပြီး သတိလစ်နေချိန် ဦးနောက်နဲ့ နှလုံး အောက်စီဂျင်ပြတ်တောက်ကာ ကိုယ်တွင်း အင်္ဂါတွေဆီ သွေးမလျှောက်တော့တဲ့အတွက် သေဆုံးခဲ့တာဖြစ်တယ်လို့ ရုပ်အလောင်းခွဲစိတ်စစ်ဆေးတဲ့ ဆရာဝန်က ပြောခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့ ၂၀၀၁ ခုနှစ် ကလေးသူငယ် အက်ဥပဒေအရ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

No comments:

Post a Comment