Tuesday, July 9, 2019

အစိုးရအဆိုပြု အပစ်ရပ်မူကြမ်းကို KIO အဖွဲ့အတွင်း ဆွေးနွေးနေ

အစိုးရက အဆိုပြုသည့် Bilateral နှစ်ဖက်သဘောတူ အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)အတွင်း ဆွေးနွေးနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ က KIO/KIA ကိုယ်စားလှယ်အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် မိုင်းလားမြို့၌ အလွတ်သဘောတွေ့ဆုံစဉ် အဆိုပြု အပစ်ရပ်မူကြမ်းများကို လက်နက်ကိုင်တစ်ဖွဲ့ချင်းစီသို့ ပေးအပ်ခဲ့သည်။



 အဆိုပါမူကြမ်းနှင့် ပတ် သက်ပြီး KIO/KIA အဖွဲ့ သဘော ထားကို မေးမြန်းရာ ဗိုလ်မှူးကြီး နော်ဘူက ‘‘အခုပဲ အစည်းအဝေး တက်နေတုန်းပဲ။ မိုင်းလားမှာက တော့ စာကို လက်ခံတဲ့အနေအ ထားပဲရှိတယ်။ ဌာနချုပ်ကို ပြန်ပြီး မှပဲ ဆွေးနွေးရေးအဖွဲ့နဲ့ ပြန်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ သုံး၊ လေးရက်လောက်ပဲရှိတယ် သူတို့ပြန်ရောက်လာတာ။ အခုအချိန်မှာ ဆွေးနွေးတဲ့ အနေအထားပဲ ဖြစ်မှာပါ’’ဟု ပြောကြားသည်။

 အပစ်ရပ်စာချုပ် မူကြမ်း တွင် မည်သည့်အချက်များ ပါဝင်သည်ဖြစ်စေ အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးမှု ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရနှင့် KIO သည် ၁၉၉၄ တွင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် (၁၇)နှစ်အကြာ  ၂၀၁၁ ဇွန်လတွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

‘‘၁၉၉၄ စာချုပ်မှာ အပိုဒ်သုံးပိုဒ်ပါတယ်။ အဲဒီသုံးပိုဒ်မှာ နိုင်ငံရေးအရ သိပ်အရေးကြီးတာ မတွေ့ရဘူး။ ဒါပေမဲ့ နောက်ဆက် တွဲတွေမှာ တွေ့ရတာက တပ် တည်နေရာတွေပါတယ်။ ဘယ်တပ်စခန်းက ဘယ်မှာ၊ ဘယ်တပ် စခန်းက ဘယ်မှာဆိုတာ အများကြီးပဲ’’ဟု လေ့လာသူတစ်ဦးက ယခင်က အစိုးရနှင့် KIO အကြား စာချုပ်ပါအချက်များနှင့် ပတ် သက်ပြီး ပြောကြားသည်။

ယခု အစိုးရအဆိုပြုသည့် အပစ်ရပ်စာချုပ်မူကြမ်းတွင် မည်သည့်အချက်များ ပါဝင်သည်ဆို ခြင်းကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

သို့ရာတွင် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့တို့ ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံစဉ် KIO ကအစိုးရထံ ကနဦး အဆိုပြုသည့်အပစ်ရပ် စာချုပ်မူကြမ်းတွင် တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးဆိုင်ရာ အချက်များသာ အဓိက ပါဝင် ကြောင်း KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးလနန်က ပြော ကြားသည်။

အဆိုပါ အပစ်ရပ်မူကြမ်းများနှင့်ပတ်သက်ပြီး နှစ်ဖက်အ မြန်ဆုံး တွေ့ဆုံဆွေးနွေးရန် အစိုးရကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များထံသို့ အဆိုပြုထားသည်။

 ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်ကမူ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့၏ ဆွေးနွေးပွဲ ယခုလကုန် ပိုင်းတွင် ပြည်တွင်းတစ်နေရာ၌ ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။ PCG သည် ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းပေးသည့်အဖွဲ့ဖြစ်သည်။

No comments:

Post a Comment