Tuesday, July 9, 2019

မြန်မာလုပ်သားကိုးဦးအား ကမ္ဘောဒီးယားသို့ပို့ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးအမှုဖွင့်

 မြန်မာလုပ်သားကိုးဦး အား ကမ္ဘောဒီးယားသို့ တရားမဝင် ပို့ဆောင်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားတစ်ဦးကို  ရန်ကုန်လေ ဆိပ်မှ မထွက်ခွာမီ ဖမ်းဆီးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဦးခင်မောင် သွင်က ပြောသည်။  တရုတ်နိုင်ငံသား ရဲ့ရှင်ကျိုး ဆိုသူက ဇူလိုင် ၇ ရက်တွင် မြန်မာအလုပ်သမားကိုးဦးအား ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ရန်  လေဆိပ်သို့ ခေါ်ဆောင်လာစဉ် တာဝန်ရှိသူ များက မသင်္ကာ၍ စစ်ဆေးရာ အလည်အပတ်ဗီဇာဖြင့် တရား မဝင် ပို့ဆောင်မည့်ဖြစ်ရပ် ပေါ် ပေါက်ခဲ့သည်။



‘‘လေဆိပ်မှာ Check in ဝင် တော့ ကောင်တာက မသင်္ကာလို့လူကုန်တားရဲတပ်ဖွဲ့ကို အ ကြောင်းကြားတယ်။ လူကုန်တား ကနေ ကျွန်တော်တို့ဆီ လှမ်းဆက် သွယ်တယ်။ သူတို့ကို စစ်ဆေး ကြည့်တော့ ကမ္ဘောဒီးယားနိုင်ငံ မှာ ဆောက်လုပ်ရေးလုပ်ရမယ် ဆိုပြီး အဲဒီမစ္စတာရဲ့ရှင်ကျိုးက ခေါ်လာတာလို့ ထွက်ဆိုတယ်’’ ဟု ဦးခင်မောင်သွင်က ပြောသည်။အဆိုပါ တရုတ်နိုင်ငံသား သည် ရန်ကုန်မြို့ ဂျန်းရှင်းစီးတီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ဖူးသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ သူ ငယ်ချင်းက ယင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြန်မာအလုပ်သမားများ ခေါ်ယူလိုသည် ဟုပြောသဖြင့် ရဲ့ရှင်ကျိုးက ယခင်အလုပ်အတူလုပ်ဖူးသည့် မြန်မာလုပ်သားနှင့် အပေါင်းအသင်းများ ကို ပို့ဆောင်ရန် စီစဉ်ခြင်းဖြစ် သည်ဟုဆိုကြောင်း ဦးခင်မောင် သွင်က ပြောသည်။

ကမ္ဘောဒီးယား   နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်လုပ်သားကို တစ်လ ကျပ်ခြောက်သိန်းနှင့် လုပ်ငန်းမ ကျွမ်းကျင်ပါက တစ်လကျပ်လေး သိန်းခွဲရရှိမည်ဖြစ်ကာ စရိတ်ငြိမ်း လုပ်ကိုင်ရမည်ဟု ယင်းတရုတ် နိုင်ငံသားက မြန်မာအလုပ်သမား များကို ပြောဆိုစည်းရုံးခဲ့သည်။

‘‘ပြည်ပအလုပ်အကိုင်ဥပ ဒေမှာ တရားဝင်ခွင့်ပြုထားတဲ့ အေဂျင်စီလိုင်စင်မရှိဘဲ အလုပ် သမားစုဆောင်းခွင့်မရှိဘူး။ အခု က ပို့ဖို့အထိ အခြေအနေတောင် ရောက်နေတဲ့အတွက် မင်္ဂလာဒုံ ရဲစခန်းမှာ အဲဒီတရုတ်နိုင်ငံသား ကို အမှုဖွင့်ထားပါတယ်’’ဟု ဦးခင်မောင်သွင်က ပြောသည်။

ထို့ကြောင့် ၎င်းကို မင်္ဂလာဒုံ ရဲစခန်းတွင် ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထား သည်။

‘‘လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်’’ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ပြည်ပအလုပ်အကိုင်ဥပဒေ ပုဒ်မ ၂၆ တွင် အကျိုးဆောင်လိုင် စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် ပြစ်မှုထင်ရှားစီရင် ခံရပါက ထောင်ဒဏ်ခုနစ်နှစ်အ ထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။  အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသည် မြန်မာအလုပ်သ မားများကို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဂျော်ဒန်၊ ယူအေအီး၊ ကာတာ နိုင်ငံ ကိုးနိုင်ငံသို့သာ တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ပြုထား ပြီး ယင်းနိုင်ငံများသို့ လုပ်သားစေ လွှတ်ရန် အေဂျင်စီ ၂၆၅ ခုကို လိုင်စင်ထုတ်ပေးထားသည်။

No comments:

Post a Comment