Tuesday, July 9, 2019

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် စတင်တော့မည်

ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ ပူးပေါင်းအကောင်အထည်ဖော်မယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအသစ်ကို အကောင်အထည်ဖော်မယ့်အကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ဒီကနေ့ ကြေညာမယ်လို့ သတင်းရရှိပါတယ်။ အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မယ့် အဲဒီစီမံကိန်းကို ဆောင်ရွက်ဖို့ ၂ဝ၁၅ ခုနှစ်မှာ သုံးနိုင်ငံအကြား သဘောတူညီချက် ရေးထိုးခဲ့ပါတယ်။

အခု မွမ်းမံပြင်ဆင်ထားတဲ့ စီမံကိန်းအသစ်အရ အသေးစားစက်မှုလုပ်ငန်းတွေနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းတည်ဆောက်ရေးကို ဦးစားပေးမှာဖြစ်ပြီး ၂ဝ၃ဝ ခုနှစ်မှာ အပြီး အကောင်အထည်ဖော်ဖို့ ရည်မှန်းထားပါတယ်။ ဒီစီမံကိန်းအသစ်နဲ့ ပတ်သက်ပြီး သုံးနိုင်ငံကိုယ်စားလှယ်တွေ လာမယ့် ဆောင်းရာသီမတိုင်မီ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ဂျပန်အစိုးရဟာ ထားဝယ်စီးပွားရေးဇုန် စီမံကိန်းကို အရှေ့တောင်အာရှမှာ သြဇာလွှမ်းမိုးမှု ပိုမိုရရှိရေးအတွက် အခွင့်အရေးတခုအဖြစ် ရှုမြင်ထားပြီး ဒါဟာ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားနဲ့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံကနေ တဆင့် အိန္ဒိယသမုဒ္ဒရာကို လမ်းဖွင့်ပေးမယ့် စီးပွားရေး စင်္ကြန်ဖြစ်တယ်လို့လည်း တိုကျိုက လာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment