Tuesday, July 9, 2019

ဘန်ကောက်အဲဝေးလေကြောင်းလိုင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်

ဘန်ကောက်အဲဝေး လေကြောင်းလိုင်းက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ပုဂံသို့ တိုက်ရိုက် ပျံသန်းရန် မြန်မာအစိုးရထံတင် ပြထားပြီး ဟဲဟိုး၊ မြိတ်တို့သို့ လည်း တိုက်ရိုက်ပြေးဆွဲရန် စိတ် ၀င်စားနေကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။ မကြာမီ ရက်ပိုင်းအတွင်း ယူနက်စကိုစာရင်းဝင်ဒေသဖြစ် ခဲ့သည့် ပုဂံဒေသသို့နိုင်ငံတကာ လေကြောင်းခရီးစဉ်အဖြစ်ပျံသန်း ရန် အဆိုပါလေကြောင်းလိုင်းက ဇွန်လဆန်းတွင် လာရောက်တင် ပြထားခြင်းဖြစ်သည်ဟု ပြည် တွင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။



‘‘သူတို့အနေနဲ့ကတော့ လေ ကြောင်းလိုင်းပြေးဆွဲချင်တယ်ဆို ပြီး လာတင်ပြထားတာတော့ ရှိပါ တယ်။ ဒါပေမဲ့ လောလောဆယ် တော့ ဒီဘက်ကခွင့်ပြုပေးဖို့ မဆုံး ဖြတ်ရသေးဘူး။ အစီအစဉ်မရှိ သေးပါဘူး’’ ဟု ဦးရဲထွဋ်အောင် က ပြောသည်။

ဘန်ကောက်အဲဝေး လေ ကြောင်းလိုင်းသည် မြန်မာနိုင်ငံ တွင် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်တို့မှ ထိုင်းနိုင်ငံဘန်ကောက် နှင့်ချင်းမိုင်မြို့များသို့ တိုက်ရိုက် ပျံသန်းနေခြင်းဖြစ်သည်။ ပြည် တွင်းနေရာသုံးခုသို့ ထပ်မံတိုးချဲ့ ပျံသန်းရန် စိတ်ဝင်စားနေသည်ဟု အဆိုပါလေကြောင်းလိုင်းကဆို သည်။ ဘန်ကောက်အဲဝေးဒုတိယ ဥက္ကဋ္ဌ Varong Israsena က ‘‘ကျွန်တော်တို့ကတော့ ဟဲဟိုး ရော၊ ပုဂံရောပြေးဆွဲချင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာက ပြည်တွင်းလေ ဆိပ်တွေပဲရှိတာပါ။ နောက်ထပ် ကျွန်တော်တို့ သဘောကျတဲ့နေ ရာကတော့ မြိတ်ပါ။ ကျွန်တော် တို့က ဘန်ကောက်ကနေပြေးဆွဲ ချင်ပါတယ်’’ ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တောင်ဘက် စွန်းရှိမြိတ်မြို့ကို ဘန်ကောက်မှ တိုက်ရိုက်ပျံသန်းရန် စိတ်ဝင်စား နေပြီး အဆိုပါကျွန်းစုမှ ကျွန်းတစ် ခုကို တိုက်ရိုက်သွားနိုင်ပါက အ ခြားကျွန်းများသို့ သွားရန် လမ်း ပွင့်ပြီဟု ၎င်းကဆိုသည်။သို့သော် ထိုနေရာများတွင် ပြည်တွင်းလေ ဆိပ်များသာရှိ၍ အခက်အခဲရှိ သည်ဟု ၎င်းက ဆိုသည်။

ဘန်ကောက်အဲဝေးက တင် ပြသော်လည်း ပုဂံလေဆိပ်သည် လက်ရှိတွင် နိုင်ငံတကာလေ ကြောင်းလိုင်းများဆင်းသက်နိုင် ရန် အဆင်သင့်မရှိသေးသော ကြောင့် ပျံသန်းခွင့်ပြုရန် မဖြစ်နိုင် သေးကြောင်း ဦးရဲထွဋ်အောင်က ပြောသည်။ ‘‘နိုင်ငံတကာလေဆိပ်တွေ မှာရှိသင့်ရှိထိုက်တဲ့ ၀န်ဆောင်မှု၊ အပြင်အဆင်တွေ ဘာမှမရှိသေး တဲ့အတွက် ဖြစ်ပါတယ်။ ဒီလို ပုံ မှန်ခရီးစဉ်တွေ ပျံသန်းဖို့အတွက် ဆိုရင်တော့ မရသေးဘူး။ စင်းလုံး ငှားခရီးစဉ်တွေပျံသန်းချင်တယ် ဆိုရင်တော့ သူတို့ပျံသန်းမယ့်အ ခေါက်ရေပေါ် မူတည်ပြီးတော့သီးခြားစဉ်းစားပြီးတော့ ပေးပါမယ်’’ ဟု ဦးရဲထွဋ်အောင်ကပြောသည်။

No comments:

Post a Comment