Tuesday, July 9, 2019

မြိတ်တွင် လျှပ်စစ်ဖြန့်ဖြူးရေးစာချုပ်ချိုးဖျက်ခဲ့သည့် ကုမ္ပဏီသုံးခုကို လုပ်ပိုင်ခွင့်ရပ်စဲသော်လည်း အမည်ပျက်စာရင်းမသွင်းဟု ဝန်ကြီးပြော

 မြိတ်မြို့နယ် လျှပ်စစ် ဖြန့်ဖြူးရေး စာချုပ်ပါစည်းကမ်း ချက်များ ချိုးဖောက်ခဲ့သည့် ကုမ္ပ ဏီသုံးခုကို လုပ်ပိုင်ခွင့်ရပ်စဲသော် လည်း စာချုပ်ပါအတိုင်း အမည် ပျက်စာရင်းမသွင်းရန် အစိုးရအ ဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ဆုံး ဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး ဦးအောင်သူရက ပြော ကြားသည်။  ‘‘စာချုပ်စည်းကမ်းအရပါ တယ်ဆိုပေမယ့်လည်း စာချုပ်ဆို တာ ဥပဒေမဟုတ်ဘူး။ တချို့အ ချက်တွေမှာတော့ အခြေအနေအ ပေါ်မှာ မူတည်ပြီးတော့ ဖြေလျှော့ တဲ့ဟာတွေလည်း ဖြေလျှော့လို့ရ တယ်။ အကုန်လုံးအပေါ်မှာသုံး သပ်ပြီးတော့ လုပ်သင့်လုပ်အပ် တဲ့ဟာတွေ ကျွန်တော်တို့ လုပ် ထားပါတယ်’’ ဟု ဆိုသည်။



စာချုပ်သည် ဥပဒေမဟုတ် သဖြင့် တိုင်းအစိုးရအဖွဲ့၏ဆင် ခြင်တုံတရားအရ စာချုပ်စည်း ကမ်းချိုးဖောက်သည့် ကုမ္ပဏီသုံး ခုကို အမည်ပျက်စာရင်းမသွင်းရန် ဆုံးဖြတ်ကြောင်း တိုင်းလျှပ်စစ်  ၀န်ကြီး၏ ပြောဆိုချက်သည် ဥပ ဒေနှင့်မညီဟု ၀ါရင့်တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

‘‘စာချုပ်ဆိုတာ ပဋိညာဉ် အက်ဥပဒေအရ စာချုပ်ပေါ်တာ လေ။ စာချုပ်စာတမ်း ဥပဒေအရ ဥပဒေပေါ်တာလေ။ အဲဒါတွေ လိုက်နာရမှာပေါ့။ ဘယ့်နှယ် ဥပ ဒေမဟုတ်ရမှာလဲ။ စာချုပ်ပါအ တိုင်းအစိုးရက လိုက်နာရမယ်။ စာချုပ်အတိုင်းပဲလုပ်ရမှာ’’ ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် မြိတ်ဒေသခံများ ကလည်း တိုင်းအစိုးရအဖွဲ့က စာ ချုပ်ပါအတိုင်း စာချုပ်စည်းကမ်း  ဖောက်ဖျက်သည့် ကုမ္ပဏီများကို  အမည်ပျက်စာရင်းသွင်းရန် ပျက် ကွက်ခြင်းအပေါ် အစိုးရကိုယ် တိုင် ဥပဒေကိုချိုးဖောက်ခြင်းဖြစ် ကြောင်း ဝေဖန်နေသည်။

  ‘‘အစိုးရက စာချုပ်ပါအ တိုင်းမလုပ်ဘဲနဲ့ အားနာနေတာ ပါ။ မြိတ်အများပိုင်ဆိုတာ မြိတ် မှာ အင်ပါယာအကြီးဆုံးဆိုတော့ သူတို့ (အစိုးရ) က မလွန်ဆန်နိုင် တာလည်းပါမှာပေါ့။ သူတို့ (ကုမ္ပ ဏီတွေ) စီမံကိန်းတစ်ခုလုံးအ တွက် ကုန်တာဆိုဘာမှမရှိဘူး။ လျှပ်စစ်မီးပေးရေးနဲ့ပတ်သက်ပြီး အစိုးရက အကုန်လုံးလုပ်ထားပြီး သားပါ’’ ဟု မြိတ်မြို့ခံ ဦးလှမော်ကရှင်းပြသည်။

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းစာချုပ်
 လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့် မြိတ်မြို့နယ် လျှပ် စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း ဆောင်ရွက်ရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်၊ ရွှေ စိမ်းလန်းစွမ်းအင်ကုမ္ပဏီ လီမိ တက်နှင့် ကိုးရီးယားကုမ္ပဏီ (KHAN) တို့က ၂၀၁၈ အောက် တိုဘာ ၂၆ ရက်က သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

ယင်းစာချုပ်တွင် လုပ်ပိုင် ခွင့်ရကုမ္ပဏီများအနေဖြင့် စာ ချုပ်ချုပ်ဆိုသည့်နေ့ကစ၍ ရက် ၁၈၀ အတွင်း လုပ်ငန်းစတင်နိုင် ခြင်းမရှိပါက လုပ်ပိုင်ခွင့်အား ပြန် လည်ရုပ်သိမ်းမည်။ ထို့အပြင် လုပ်ငန်းအာမခံစဘော်ငွေအား သိမ်းယူခြင်းနှင့် (Black List) အ မည်ပျက်စာရင်းကြေညာခြင်းများ ဆောင်ရွက်မည်ဟု ဖော်ပြထား သည်။

 ဝန်ကြီးဦးအောင်သူရကမူ စာချုပ်ပါ အချက်များအတိုင်း လုပ်ငန်းပြီးစီးအောင် မဆောင် ရွက်နိုင်သဖြင့် စာချုပ်ဖျက်သိမ်းခဲ့ ခြင်းဟုဆိုပြီး အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

တနင်္သာရီအစိုးရဆုံးဖြတ်ချက်
သို့သော် တိုင်းအစိုးရက မေလ ၃၁ ရက်၌ ပြုလုပ်သော တနင်္သာရီတိုင်းအစိုးရအဖွဲ့ အ စည်းအဝေး ဆုံးဖြတ်ချက်အရ စာ ချုပ်ပါ စည်းကမ်းချက်များအတိုင်း  အကောင်အထည်မဖော်နိုင်သည့်  ကုမ္ပဏီသုံးခုကို အမည်ပျက်စာ ရင်းသွင်းခြင်းမပြုဘဲ စာချုပ်ကို ဖျက်သိမ်း၍ လုပ်ပိုင်ခွင့်ကိုသာ ရပ်စဲခဲ့ သည်။

 လုပ်ပိုင်ခွင့်ရပ်စဲခံရသော ကုမ္ပဏီသုံးခုတွင် ပါဝင်သည့် ကိုရီးယား ကုမ္ပဏီတစ်ခုတည်းကို သာ ရင်းနှီးမြှုပ်နှံမှု ၂ နှစ် ရပ် ဆိုင်း၍ စာချုပ်ပါစည်းကမ်းချက် များအရ လုပ်ငန်းပြီးမြောက်မှုအာမခံများကိုသာ သိမ်းဆည်းရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က ဇွန်လ ၁၂ ရက်၌ ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် မြိတ်မြို့ခံပြည် သူများ လျှပ်စစ်မီး ဈေးကြီးပေး သုံးနေရသဖြင့် သင့်တင့်သော ဈေးနှုန်းဖြစ်စေရန် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေး လုပ်ငန်းအတွက် အစိုးရအဖွဲ့က တင်ဒါအသစ်  ပြန်ခေါ်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း   ဖော်ပြထားသည်။

သို့သော် လက်ရှိအချိန်အထိ  တနင်္သာရီတိုင်း အစိုးရအဖွဲ့က တင်ဒါအသစ် ခေါ်ယူနိုင်ခြင်းမရှိ သေးဘဲ မူလလုပ်ပိုင်ခွင့်ရ မြိတ် အများပိုင်ကော်ပိုရေးရှင်းနှင့် ရွှေ စိမ်းလန်းစွမ်းအင်ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် ကုမ္ပဏီကသာ  တစ်ယူနစ်လျှင်ကျပ် ၃၈၀ နှုန်း ထားဖြင့် လုပ်ပိုင်ခွင့်ဆက်ပြုထား သည်။

လက်ရှိတွင် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေး လုပ်ငန်းစာချုပ်နှင့်ပတ်သက်၍ ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက် တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ  ထိပ်တန်းတာဝန်ရှိသူများအကြား  အဂတိလိုက်စားမှုများ ပေါ်ပေါက် ခဲ့သည်။ ထို့နောက် GGS ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ၀န် ကြီးချုပ်အသစ် ဦးမြင့်မောင် ဦး ဆောင်သည့် တနင်္သာရီတိုင်းအ စိုးရက ဖျက်သိမ်းခဲ့ပြီး ယင်းလုပ် ငန်းအတွက် ဇူလိုင် ၅ ရက်ကစ၍ တင်ဒါအသစ် ခေါ်ယူကြေညာ ထားသည်။

No comments:

Post a Comment