Tuesday, July 9, 2019

ဒေါ်ကရင်မကို ညှင်းပန်းနှိပ်စက်ခဲ့တာမရှိဘူးလို့ အိမ်ရှင်အမျိုးသမီးထွက်ဆို

ညှင်းပန်းနှိပ်စက်ခံရလို့ သေဆုံးခဲ့ရတယ်ဆိုတဲ့ အိမ်အကူ ဒေါ်ကရင်မ အမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူ အိမ်ရှင် ဒေါ်သိဂီင်္စုကို ဒီနေ့ ထပ်မံ စစ်ဆေးခဲ့ပါတယ်။ေ ဒ်ါကရင်မ အိမ်ကိုရောက်လာတဲ့အကြောင်းနဲ့ သူနဲ့ ဒေါ်ကရင်မရဲ့ ရင်းနှီးမှုတွေအကြောင်းတွေကို ထွက်ဆိုသွားခဲ့တာပါ။



ဒေါ်ကရင်မဟာ သူရဲ့ နေအိမ်ကို ၂၀၁၇ ခုနှစ် ၁၀ လပိုင်း ၂၂ ရက်နေ့က ရောက်ရှိလာကြောင်းနဲ့ ရောက်လာတဲ့ နေ့မှာပဲ ဒေါ်ကရင်မ သားက ကြိုတင်လစာ ၂ လစာ လာရောက်ထုတ်ယူသွားကြောင်း၊ ထုတ်ယူသွားတဲ့အကြောင်းကို စာရွက်ပေါ်ရေးပြီး လက်မှတ်ထိုးခဲ့ကြောင်းနဲ့ အဲဒီ စာရွက်ကို ရုံးတော်ကို သက်သေခံ တင်သွင်းခဲ့ပေမယ့် လက်မှတ် နေရာမှာ ဒေါ်ကရင်မရဲ့ သားဖြစ်ကြောင်း သက်သေခိုင်လုံမှု မရှိတာကြောင့် ရုံးတော်က လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။

အဲဒီလို သက်သေခံ တင်သွင်းမှုတွေကို လက်မခံရတာနဲ့ ပတ်သက်ပြီး၊ သေဆုံးသူ ဒေါ်ကရင်မ ဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က အခုလို ရှင်းပြပါတယ်။

ဒေါ်သိဂီင်္စုက တရားခွင်မှာ ငိုပြီး ဒေါ်ကရင်မကို ညှင်းပန်းနှိပ်စက်ခဲ့ခြင်းမရှိဘူးလို့လည်း ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် တရားခွင်မှာ ဆက်လက်ထွက်ဆိုဖို့ အဆင်မပြေတော့တာကြောင့် စွပ်စွဲခံရသူ ရှေ့နေဘက်က ရုံးချိန်းတောင်းခံခဲ့ရာ ရုံးတော်က လက်ခံခဲ့ပါတယ်။

လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ရုံးချိန်းကို ပြန်လည်ချိန်းဆိုထားပြီး ဒေါ်သိဂီင်္စုကိုပဲ ဆက်လက်စစ်ဆေးသွားမှာပါ။

ဒီအမှုအတွက် တရားလိုပြ သက်သေတွေကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်တာကြောင့် တရားခံပြ သက်သေ ၁၈ ဦး စစ်ဆေးဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ဆေးဖို့ ကျန်ရှိနေတဲ့ တရားခံပြ သက်သေ ၁၈ ဦးထဲမှာတော့ ဒေါ်သိဂီင်္စုရဲ့ ခင်ပွန်း၊ မိခင်နဲ့ တပ်မတော်သား ၅ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်ရှင်။

No comments:

Post a Comment