Tuesday, July 9, 2019

အစိုးရနှင့် KNU ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့၌ ယနေ့ဆွေးနွေးမည်

အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) ကိုယ်စားလှယ်အ ဖွဲ့အလွတ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ယနေ့ (ဇူလိုင် ၉ ရက်) ပြုလုပ်မည်ဖြစ် ကြောင်း KNU ဗဟိုအလုပ်အမှု ဆောင်ပဒိုမန်းငြိမ်းမောင်က အ တည်ပြုသည်။ KNU ကိုယ်စားလှယ်အဖွဲ့ ကို တွဲဖက်အတွင်းရေးမှူး (၁) ပ ဒိုစောဆဲပွယ် (ခ) စောစတိဖ်က ဦးဆောင်တက်ရောက်မည်ဖြစ် ပြီး စုစုပေါင်း ကိုယ်စားလှယ်ငါး ဦးပါဝင်သည်ဟု ၎င်းကဆိုသည်။



အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ် ဆွေးနွေးမည့်အ ကြောင်းအရာများနှင့် ပတ်သက် ပြီး ပဒိုမန်းငြိမ်းမောင်ကမှတ်ချက် မပြုပေ။

ယခင်က KNU ကိုယ်စား လှယ်အဖွဲ့ကိုအဖွဲ့ ဒုဥက္ကဋ္ဌ၊ အ ဖွဲ့အထွေထွေအတွင်းရေးမှူးတို့ ကိုယ်တိုင် ဦးဆောင်ဆွေးနွေး လေ့ရှိသော်လည်း ယခုအခါတွဲ ဖက်အတွင်းရေးမှူး (၁) ကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ KNU  ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ကို တွဲဖက်အတွင်းရေးမှူး (၁) ပ ဒိုစောဆဲပွယ်ပထမဆုံးဦးဆောင် ခြင်းလည်းဖြစ်သည်။

KNU နှင့်တွေ့ဆုံစဉ်ရပ်တန့် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ တရားဝင်အစည်းအ ဝေးများ ပြန်လည်စတင်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း  ငြိမ်း ချမ်းရေးကော်မရှင်အကြံပေး ဦး လှမောင်ရွှေက မကြာမီကပြော ကြားထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများ တွင် မပြေလည်မှုများဖြစ်ပေါ် ခြင်းကို အကြောင်းပြုပြီး KNU အနေဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းက တည်းက ငြိမ်းချမ်းရေးဆိုင်ရာ  တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုယာယီရပ်ဆိုင်းခဲ့ရာကိုး လကျော်ပြီဖြစ်သည်။ ယခင်က လည်းအစိုးရနှင့် KNU ကိုယ်စား လှယ်များ အလွတ်သဘော အ ကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှုမရသေးပေ။  အစိုးရ၊တပ်မတော်ကိုယ် စားလှယ်များပါဝင်သည့် NRPC အနေဖြင့်ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ဇူလိုင် ၁၁ ရက်တွင် လည်းကောင်း၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) နှင့် ဇူလိုင် ၁၇ ရက်တွင်လည်း ကောင်းနေပြည်တော်၌ တရား ၀င်ဆွေးနွေးပွဲကျင်းပမည်ဖြစ် သည်။ ယင်းအဖွဲ့များနှင့် တပ်မ တော်ညှိနှိုင်းရေးအဖွဲ့များလည်း တွေ့ဆုံရန်ချိန်းဆိုထားသည်။

No comments:

Post a Comment