Tuesday, July 9, 2019

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၃၀ မတိုင်မီ ပို့ကုန်အခြေစိုက်စခန်းဖြစ်လာရန် ဂျပန်ရည်မှန်း

တရုတ်နိုင်ငံက မြန်မာ နိုင်ငံတွင် စီးပွားရေးဩဇာချဲ့ထွင် နေစဉ် ဂျပန်နိုင်ငံက ရပ်ဆိုင်း ထားသည့်ထားဝယ်အထူးစီးပွား ရေးဇုန်ကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး ၂၀၃၀ မတိုင်မီ သင်္ဘောဆိပ်ကမ်းနှင့် အသေးစား စက်မှုလုပ်ငန်းများ အခြေစိုက် စခန်းတစ်ခုဖြစ်လာရန် စီစဉ်နေ သည်ဟု Nikkei Asian ဂျပန်သတင်းဌာနက ဖော်ပြသည်။ အိန္ဒိယကဲ့သို့ ဈေးကွက်များ အတွက်ရည်ရွယ်၍ ပို့ကုန်အခြေ စိုက်စခန်းတစ်ခုဖြစ်လာရန် မြန် မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်အ ထူးစီးပွားရေးဇုန်ကို ပြန်လည်ပြင် ဆင်မည်ဟု ဖော်ပြထားသည်။



ဂျပန်၊ ထိုင်းနှင့် မြန်မာသည် ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သဘောတူညီချက် တစ်ခုကို ၂၀၁၅ က လက်မှတ်ရေးထိုးခဲ့ သည်။ ယင်းသဘောတူညီချက် အရ ဂျပန်အစိုးရသည် နိုင်ငံတ ကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဂျပန်ဘဏ်မှတစ်ဆင့် အဆိုပါ စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည်ဖြစ် သည်။

‘‘ဒီစီမံကိန်းကို သူတို့အနေနဲ့ လာမပြောသေးဘူး။ သူတို့အနေ နဲ့ စီစဉ်နေတာပဲဖြစ်မယ်။ တ ကယ်လုပ်မယ်ဆိုမှ လာမယ်ထင် တယ်။ ဒီအတောအတွင်းတော့ လာမတွေ့သေးဘူး’’ ဟု ထား ၀ယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ မှုကော်မတီဒုတိယဥက္ကဋ္ဌတနင်္သာ ရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

အဆိုပါစီမံကိန်းကို မူလအ စီအစဉ်က အကြီးစားစက်မှုလုပ် ငန်းနှင့် ဓာတုပစ္စည်းထုတ်လုပ် ရေးအတွက် အာရုံစိုက်ခဲ့သည်။ သို့သော် စီမံကိန်းဧရိယာအတွင်း ရှိ မြေအမြောက်အမြားလစ်လပ် နေဆဲဖြစ်သောကြောင့် အစီအ စဉ်ဆွဲခဲ့သည့်ဆိပ်ကမ်းကို လက် ရှိအချိန်ထိ မတည်ဆောက်ရသေး ပေ။

တရုတ်နယ်စပ်အနီး အိန္ဒိယ သမုဒ္ဒရာတွင် တည်ရှိသော ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ တရုတ်အစိုးရကမကထပြု ကြီး မားသည့်ဆိပ်ကမ်းတည်ဆောက် ရေး စီမံကိန်းအကောင်အထည် ဖော်နေခိုက် ဂျပန်အစိုးရအနေ ဖြင့် ယင်းသို့ချဉ်းကပ်မှုပုံစံပြောင်းလဲခဲ့သည်။

ဂျပန်သည် ထားဝယ်စီးပွား ရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်မှုကို အရှေ့တောင် အာရှ၌ ၎င်းတို့၏ဩဇာလွှမ်းမိုးမှု ခိုင်မာအောင်ဆောင်ရွက်ရန် အ ခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နေ သည်။ ထားဝယ်မြို့သည် ဘန် ကောက်-ဖနွမ်းပင်-ဟိုချီမင်းမှ တစ်ဆင့် အိန္ဒိယသမုဒ္ဒရာအထိ ကျယ်ပြန့်သော နယ်စပ်ဖြတ် ကျော်တောင်ပိုင်းစီးပွားရေးစင်္ကြံ ၏အဆုံးမှတ်တွင် တည်ရှိသည်။ ယင်းသို့သောအခြင်းအရာများက အသုံးဝင်သောကုန်တင်ပို့မှုလမ်း ကြောင်းအဖြစ် ထမ်းဆောင်မည် ဖြစ်သည်။

အသစ်ပြင်ဆင်ထားသော အဆိုပြုချက်ကို ရက်ပိုင်းအတွင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဂျပန်စီးပွား ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲ တွင် ကြေညာမည်ဖြစ်သည်။ ဂျပန်၊ ထိုင်းနှင့် နေပြည် တော်မှ အစိုးရကိုယ်စားလှယ် များသည် အဆိုပါစီမံကိန်းပြန် လည်ဖော်ဆောင်ရေးနှင့်ဆက်စပ် သော ဆွေးနွေးညှိနှိုင်းမှုကို ယခုဆောင်းဦးရာသီ အစောပိုင်း၌ စတင်မည်ဖြစ်သည်။

No comments:

Post a Comment