Tuesday, July 9, 2019

အိန္ဒိယ အဝေးပြေးလမ်းတွင် ဘတ်စ်ကားတစီး လမ်းချော်ပြီး မြောင်းထဲကျ၊ ၂၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံက ကမ္ဘာကျော် တာ့ခ်ျမဟာ ဂူဗိမာန်တည်ရှိရာ အာဂရာမြို့ကို သွားတဲ့ အဝေးပြေးလမ်းမတခုပေါ်မှာ ဇူလိုင် ၈ ရက်နေ့က ဘတ်စ်ကားတစီး လမ်းချော်ပြီး ရေမြောင်းကြီးတခုထဲ ထိုးကျခဲ့တာကြောင့် လူ ၂၈ ယောက်သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် နယူးဒေလီကနေ ထွက်လာတဲ့ အဲဒီဘတ်စ်ကားပေါ်မှာ လူပေါင်း ၄၀ ကျော် လိုက်ပါစီးနင်းလာပြီး ၆ လမ်းသွား အဝေးပြေး လမ်းမကြီးပေါ်မှာ အခုလို မတော်တဆ ဖြစ်ခဲ့တာပါ။


လက်ရှိမှာတော့ အဲဒီကားမတော်တဆမှုကို စုံစမ်းစစ်ဆေးနေပြီး ကနဦး အချက်အလက်တွေအရ ယာဉ်မောင်း အိပ်ငိုက်သွားပုံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကားလမ်းမတွေဟာ ကမ္ဘာပေါ်က လူအသေအပျောက်အများဆုံး လမ်းတွေထဲမှာပါပြီး ၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု လေးသိန်း ခြောက်သောင်းကျော်အတွင်း လူပေါင်း တသိန်းခွဲနီးပါး သေဆုံးခဲ့တယ်လို့ အစိုးရ အချက်အလက်တွေက အစီရင်ခံပါတယ်။

No comments:

Post a Comment