Tuesday, July 9, 2019

ပြည်သူ့ယုံကြည်မှုရရှိရေး တရားစီရင်ရေးမဏ္ဍိုင် ကြိုးပမ်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်တိုက်တွန်း

တရားစီရင်ရေးမဏ္ဍိုင် အပေါ် ပြည်သူများ ယုံကြည်မှုရ ရန် ကြိုးပမ်းသင့်ကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းသည်။ ဇူလိုင် ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ရှင်းလင်းပွဲ အခမ်းအနားတွင် ဦးဖြိုးမင်းသိန်း က ‘‘တရားသူကြီးများအနေဖြင့် မိမိ၏ဆင်ခြင်တုံတရား၊ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ ကို လေ့လာဆန်းစစ်ပြီး အကောင်းဆုံးဖြစ်နိုင်သည့် စီရင်ဆုံးဖြတ်ချက် များနှင့် တရားစီရင်ရေးမဏ္ဍိုင် အပေါ် ပြည်သူများ ယုံကြည်မှု ရရေး ကြိုးပမ်းဆောင်ရွက်ရန်’’ အမှာစကား၌ ထည့်သွင်းပြော ကြားသည်။



နိုင်ငံ၏ တရားဥပဒေစိုးမိုး ရေးကဏ္ဍသည် အလွန်အရေးကြီး သည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ၀န်ကြီးချုပ်က နှစ်ကြိမ်တိုင် ထည့်သွင်း ပြောကြားသည်။

လူထုဒေါ်အမာ ဘာသာပြန် ရေးသားသည့် မောရစ်ကောလစ် ၏ ‘မြန်မာပြည်တွင် စစ်ဆေးခဲ့ သော အမှုအခင်းများ’ စာအုပ်ကို အခြေခံ၍ ၀န်ကြီးချုပ်က ‘‘ကျွန် တော်တို့ရဲ့ စစ်ဆေးခဲ့တဲ့ အမှုတွေ ဟာ လူမျိုးတစ်မျိုးလုံး၊ နိုင်ငံသားအားလုံးအတွက် ဘယ်လောက် တရားမျှတမှုကို လိုလားသော ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သက်သေခံနိုင်ဖို့ အခုအခြေအနေမှာ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဒီအခွင့်အာဏာ အပ်နှင်းထားတဲ့ ကာလဖြစ်တယ်’’ ဟု ဆိုသည်။

တရားရုံးများတွင် အမှုများကြန့်ကြာခြင်းနှင့် တရားရုံးအသုံးပြုသူများကို စိတ်ကျေနပ်မှုရှိစေ မည့်အစီအစဉ်များ ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး တာဝန်ရှိသူများ က အဆိုပါအခမ်းအနား၌ ရှင်း လင်းသည်။

ရန်ကုန်တိုင်း တရားလွှတ် တော် တရားသူကြီးချုပ် ဦးလှအေး က ‘‘တရားရုံးလုပ်ငန်းတွေကို မျှ တမှု၊ ပွင့်လင်းမြင်သာမှုများသာ မက တရားစီရင်ရေးကဏ္ဍကို စိတ်ချရမှုရှိသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်အောင် ရည်မှန်းကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်တယ်’’ ဟု ပြော သည်။တရားစီရင်ရေးမဏ္ဍိုင်တွင် ထိရောက်သည့် တရားဥပဒေစိုးမိုး မှုကို အထောက်အပံ့ဖြစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ၂၀၁၅-၂၀၁၇ ပထမမဟာဗျူ ဟာစီမံကိန်း စတင်စဉ်ကတည်း က ဆောင်ရွက်ခဲ့ကြောင်း ပြည် ထောင်စုတရားစီရင်ရေးကြီးကြပ် မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ရှင်းလင်းပွဲ၌ ပြောကြား သည်။ တိမ်းစောင်းယိုင်နဲ့နေသည် ဟု ဝေဖန်ခံနေရသည့် တရားစီရင် ရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ် ရေး ကြိုးစားဆောင်ရွက်မည် ဟု ရန်ကုန်တိုင်းဒေသကြီးဥပဒေ ချုပ်သစ်က ၎င်းစတင်ခန့်အပ်ခံရ သည့် ၂၀၁၈ စက်တင်ဘာတွင် ပြောကြားထားသည်။

No comments:

Post a Comment