Tuesday, July 9, 2019

မြန်မာ့မီးရထားက စက်ခေါင်းလေးလုံးကို ပြည်တွင်းပညာရှင်များဖြင့် တပ်ဆင်ထုတ်လုပ်မည်

 မြန်မာ့မီးရထားက စက် ခေါင်းလေးလုံးကို ပြည်တွင်း ပညာရှင်များဖြင့် ဆက်လက်တပ်  ဆင်ထုတ်လုပ်မည်ဟု နေပြည် တော် စက်ခေါင်းစက်ရုံမှူး ဦးမြင့် နိုင်က ပြောသည်။ြ မန်မာ့မီးရထားသည် ၂၀၁၈မှ ၂၀၁၉ မတ်လအထိ တရုတ် နိုင်ငံမှ ပညာရှင်များ အကူအညီ ဖြင့် စက်ခေါင်း ၁၀ လုံး တပ်ဆင် ထုတ်လုပ်ပြီးနောက် ပြည်တွင်း ပညာရှင်များဖြင့်သာ ဆက်လက် ထုတ်လုပ်ရန် ပြင်ဆင်နေသည်။



‘‘စက်ပစ္စည်းတွေဝယ်ယူဖို့ အတွက်ကို တင်ဒါခေါ်ထားပြီးပြီ။ မြန်မာ့မီးရထား ဘတ်ဂျက်နဲ့ပဲ ထုတ်လုပ်သွားမှာပါ။ ကုန်ကျမူကိုတော့ အခုအချိန်မှာ မပြောနိုင် သေးဘူး။ ဒီတစ်ကြိမ်က မြန်မာ့မီးရထားက ပညာရှင်တွေ သီးသန့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးမြင့်နိုင်က ပြောသည်။

ယခင်က တရုတ်ပညာရှင် များနှင့် ပူးပေါင်းထုတ်လုပ်သည့် စက်ခေါင်းများသည် ကွန်ပျူတာ ထိန်းချုပ်ရေးစနစ်ပါဝင်ပြီး မြင်းကောင်ရေ ၂,၀၀၀ အားရှိကာနိုင်ငံတကာ စံနှုန်းအတိုင်း တပ် ဆင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 အဆိုပါ စက်ခေါင်းများ သည် ပြည်ပမှဝယ်ယူသည့် စက်ခေါင်းများထက် တန်ဖိုးကန်ဒေါ် လာ နှစ်သိန်းခန့် လျော့နည်းသက် သာသည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူများက ဆိုသည်။

ယခု ဆက်လက်ထုတ်လုပ် မည့်စက်ခေါင်းများကို ယင်းနည်း ပညာ အရည်အသွေးအတိုင်း ထည့်သွင်းဆောင်ရွက်ရန် စီစဉ် နေသည်။

‘‘ဒီဘတ်ဂျက်နှစ်ထဲမှာ ပြီးစီး အောင်တော့ မျှော်လင့်ထားတယ်။ အကြောင်းအမျိုးမျိုးကြောင့် မပြီး ရင် နောက်ဘတ်ဂျက်ကာလထဲ တော့ ရောက်သွားနိုင်တယ်’’ဟု ဦးမြင့်နိုင်က ပြောသည်။ ထိုသို့ တပ်ဆင်ထုတ်လုပ် ပြီးဖြစ်သည့် စက်ခေါင်းများကို  မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့တွင် ထည့်သွင်းအသုံးပြုနေပြီ ဟု မြန်မာ့မီးရထားက ထုတ်ပြန် သည်။

No comments:

Post a Comment