Tuesday, July 9, 2019

ကျားခေါင်းပါတီ၏ လူထုတွေ့ဆုံပွဲများအတွင်း မူးယစ်ဆေးဝါးပြဿနာ အဓိကဆွေးနွေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါ တီခေါင်းဆောင်များနှင့် လွှတ် တော် ကိုယ်စားလှယ်များသည် ဇူလိုင် ၅ ရက်ကစတင်၍ ရှမ်း ပြည်နယ်တောင်ပိုင်း မြို့နယ်အ ချို့ရှိ ဒေသခံလူထုနှင့်တွေ့ဆုံနေ သည်။ ဇူလိုင် ၅ ရက်ကစ၍ မိုင်း ပန်မြို့နယ်၊ ၇ ရက်တွင်လင်းခေး မြို့နယ်နှင့်  ယမန်နေ့က မောက် မယ်နှင့်မိုးနဲမြို့တို့၌ လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့သည်။ ဆက် လက်၍ ခိုလမ်၊ နမ့်ဆယ်စသည့် မြို့နယ်များသို့လည်း သွားရောက် ရန်ရှိကြောင်း ပါတီတွဲဖက်အ တွင်းရေးမှူး (၁) စိုင်းကျော်ညွန့် က ပြောသည်။



‘‘သက်ဆိုင်ရာ မြို့နယ်တွေ မှာ  ပြည်သူတွေ အခု ကြုံနေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်း တွေ၊ အဲဒီကိစ္စတွေကိုလည်း ပြည် သူတွေကို မေးမြန်းပြီးတော့ ပြည် သူတွေက တင်ပြလာတဲ့အခက်အ ခဲ၊ အကျပ်အတည်းတွေကို ကျွန် တော်တို့ ဘယ်လိုဖြေရှင်ပေးနိုင် မယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ လူထု တွေ့ဆုံပွဲသဘော၊ ပြည်သူလူထု ရဲ့တွေ့ဆုံပွဲသဘောမျိုးလုပ်တာ ဖြစ်ပါတယ်’’ ဟု စိုင်းကျော်ညွန့်က ရှင်းပြသည်။

အဆိုပါတွေ့ဆုံမှုများတွင် SNLD ပါတီ ဥက္ကဋ္ဌ (၂) နှင့် အ တွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟို ကော်မတီဝင်များက ပါတီ၏မူဝါ ဒများ ၊ ပါတီမှရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များ၏ လွှတ် တော်တွင်း ဆောင်ရွက်ချက်များ နှင့် SNLD ပါတီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင် ရွက်နေသူများကို ပြည်သူများ အား ရှင်းပြကြောင်းလည်း ၎င်းက ပြောသည်။ မြို့နယ်အသီးသီးရှိ လူထုတွေ့ဆုံပွဲများတွင် ဒေသခံ နှစ်ရာမှ ငါးရာအထိ တက်ရောက်ကြောင်း SNLD အဖွဲ့ဝင်များက ပြောသည်။

လူထုတွေ့ဆုံပွဲများတွင် ဒေ သခံများက မူးယစ်ဆေးဝါးနှင့် ဆိုင်သည့် ပြဿနာကြုံတွေ့နေရ မှုများနှင့် အခက်အခဲများကို အ များစုတင်ပြကြောင်း စိုင်းကျော် ညွန့်က ပြောသည်။

‘‘အခက်အခဲ၊ အကျပ်အ တည်းကတော့ တစ်မြို့နဲ့ တစ်မြို့ တော့ အနည်းငယ်ကွာတာပေါ့ လေ။ ဒါပေမဲ့အများအားဖြင့်တော့ မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ အခက် အခဲ၊ အကျပ်အတည်းတွေပေါ့ နော်။ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ရေးတွေပါ တယ်။ နောက်တစ်ခုက စိုက်ပျိုး ရေးဆိုင်ရာ အခက်အခဲတွေပေါ့။   စိုက်ပျိုးထွက်ကုန်တွေ အချိန်မီ ရောင်းချဖို့ ခက်တယ်ဆိုတာတွေ ကို တင်ပြကြတာရှိတယ်’’ ဟုစိုင်းကျော်ညွန့်က ပြောသည်။

SNLD ပါတီအနေဖြင့်လူမျိုး ကို အခြေပြုသည့်ပါတီမှ ပြည် နယ်ကိုအခြေပြုသည့် ပါတီအဖြစ် မူဝါဒပြောင်းလဲတည်ဆောက်ရန်  ဆုံးဖြတ်ထားကြောင်းနှင့်  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအ တွက် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ၏ မူဝါဒအသေးစိတ်ကို ယခုနှစ် ကုန်တွင် ထုတ်ပြန်မည်ဟု ပါတီ ခေါင်းဆောင်များက ပြောကြား ထားသည်။
SNLD ပါတီသည်  သက် တမ်းနှစ် ၃၀ ကျော်ရှိပြီဖြစ်ကာ လက်ရှိ ပြည်ထောင်စုလွှတ်တော် တွင် ကိုယ်စားလှယ် အများအပြား ရွေးချယ်ခံထားရသည့် တိုင်းရင်း သားပါတီ ဖြစ်သည်။

No comments:

Post a Comment