Tuesday, July 9, 2019

မွေးဖွားချိန် ဗီတာမင်ဒီလျော့နည်းသော ကလေးများ သွေးတိုးရောဂါဖြစ်နိုင်

ဗီတာမင်ဒီချို့တဲ့သော မွေးကင်းစကလေးများနှင့် ကလေးငယ် များသည် ဆယ်ကျော်သက်အရွယ်ကလေးဘ၀နှောင်းပိုင်းတွင် သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအ သစ်တစ်ရပ်ကဖော်ပြသည်။ သုတေသီများက ဘော်စတွန်မြို့ရှိ ကလေးငယ် ၇၇၅ ဦးကို  အသက် (၁၈) နှစ်အထိစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ယင်းကလေး အများစုသည် မြို့ပြဒေသများရှိ ၀င်ငွေနည်းပါးသောမိသားစုများမှ  ဖြစ်သည်။



သာမန်ဗီတာမင်ဒီပမာဏအတိုင်းမွေးလာသော ကလေးများ  နှင့် နှိုင်းယှဉ်ပါက သွေးထဲတွင် ဗီတာမင်ဒီပမာဏနည်းပါးသော ကလေးများသည် သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ် ၆၀ ရာခိုင် နှုန်းပိုမိုမြင့်မားကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။ ယင်း  ကလးငယ်များသည် အသက် (၆) နှစ်နှင့် ၁၈ နှစ်ကြားတွင်အပေါ် သွေးတိုးခြင်း ကြုံတွေ့နိုင်သည်။

ကလေးဘ၀စောစောပိုင်းတွင် ဗီတာမင်ဒီပမာဏသိသာစွာ လျော့နည်းသော ကလေးများသည် အသက် (၃) နှစ်နှင့် (၁၈) နှစ် ကြားတွင် အပေါ်သွေးတိုးနိုင်သည့် အန္တရာယ်နှစ်ဆမြင့်မားကြောင်း  ယင်းလေ့လာမှုကဖော်ပြသည်။

ယခုလေ့လာမှုကို Hypertension ဂျာနယ်တွင် ဇူလိုင် ၁၇ ရက်ကဖော်ပြထားသည်။

လောလောဆယ်တွင် အမေရိကန် ကလေးအထူးကု ဆရာဝန် များက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ဗီတာမင်ဒီပမာဏဆိုင်ရာ အကြံပြုချက်များမရှိသေးကြောင်း သုတေသီ အဖွဲ့ခေါင်းဆောင် ဒေါက်တာဂူအိုယင်းဝန်က ပြောကြား သည်။

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးဘ၀စောစောပိုင်းတွင် ဗီတာ မင်ဒီဖြည့်စွက်ဆေးများဖြင့် ဗီတာမင်ဒီချို့တဲ့မှုကို စစ်ဆေးဖော် ထုတ်ကုသခြင်းက ဘ၀နှောင်းပိုင်းတွင် သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်ကိုထိရောက်စွာလျှော့ချနိုင်မည်ဖြစ်ကြောင်း ဘော်လ်တီ မိုးမြို့ ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလမ်းဘာဂ့်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများကပြောကြားသည်။

No comments:

Post a Comment