Tuesday, July 9, 2019

ပုဂံဒေသ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၍ အောင်ပွဲအထိမ်းအမှတ်များ ပြုလုပ်မည်

 ရှေးဟောင်းပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ၍ အောင်ပွဲအထိမ်းအမှတ်အနေဖြင့် နေပြည်တော်အပါအဝင် နေရာ သုံးခု၌ ပြုလုပ်ရန်စီစဉ်နေကြောင်း မြန်မာကိုယ်စားလှယ်တစ်ဦးဖြစ် သူ ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက် ညွှန်ကြားမှုဦးစီး ဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော ကြားသည်။ ယခုဇူလိုင်လကုန်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ် နေပြီး ပြည်ထောင်စုလွှတ်တော် တွင်လည်း ထပ်မံပြုလုပ်ရန် စီ စဉ်နေကြောင်း ဦးအောင်အောင် ကျော်က  ယမန်နေ့တွင်  ပြော သည်။



ထို့အပြင် သြဂုတ်တွင် ရှေး ဟောင်းမြို့တော်ပုဂံမြို့၌ ပြုလုပ် ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ ပုဂံဒေသကို ယူနက်စကိုစာ ရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ ၌ ပြုလုပ်သည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအ စည်းအဝေးတွင် အမြဲတမ်းစာရင်း ဝင် ၂၁ နိုင်ငံက ကန့်ကွက်မှုမရှိဘဲ ဇူလိုင် ၆ ရက်တွင်ဆုံးဖြတ်ခဲ့သည်။ ပုဂံဒေသယူနက်စကိုဝင်ရေး ဆုံးဖြတ်မည့်အစည်းအဝေးသို့ သွားရောက်သော မြန်မာကိုယ် စားလှယ်အဖွဲ့ ဇူလိုင် ၁၂ ရက် တွင် ပြန်လာမည်ဖြစ်သည်။

No comments:

Post a Comment