Tuesday, July 9, 2019

စီးပွားရေးတက္ကသိုလ်နှစ်ခုလုံးမှာ ဘာသာရပ် ၈ ခု လုံး ဖွင့်ပေးမယ်

ဒီနှစ်ကစပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေနဲ့ လှိုင်နယ်မြေနှစ်ခုလုံးမှာ ဘာသာရပ်ရှစ်ခုစီ ဖွင့်လှစ်သင်ကြားပေးမယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ပညာသင်နှစ်အထိ ဘာသာရပ်ရှစ်ခုကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီးနယ်မြေမှာ လေးခုနဲ့ လှိုင်နယ်မြေမှာ ဘာသာရပ်လေးခုစီဖွင့်လှစ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ဘာသာရပ်ရှစ်ခုလုံးကို တက္ကသိုလ်နယ်မြေနှစ်ခုလုံးမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။



ဘောဂဗေဒ၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေး ပညာ၊စာရင်းအင်း၊လူဦးရေပညာ၊ ၀ါဏိဇ္ဇဗေဒ၊စာရင်းကိုင်ပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာဘာသာရပ်တွေကို ဖွင့်မှာပါ။

ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘာသာရပ်သင်ကြားခွင့် အခွင့်အရေးမဆုံးရှုံးစေချင်တာကြောင့် အခုလိုဘာသာရပ်တွေ တိုးဖွင့်ပေးတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် သင်တန်ရေးရာဌာနရဲ့ ဌာနမှူး ဦးသန်းစိုးဦးက ပြောပါတယ်။

ဒီနှစ်မှာ ကျောင်းသားကျောင်းသူဦးရေလည်း တိုးမြှင့်လက်ခံမယ်လို့သိရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေမှာ တစ်သာသာကို အယောက်(၂၀၀)နှုန်းနဲ့ စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၆၀၀)လက်ခံမှာဖြစ်ပါတယ်။

လှိုင်နယ်မြေမှာတော့ တစ်ဘာသာ အယောက်(၈၀)နှုန်းနဲ့ စုစုပေါင်း (၆၄၀)လက်ခံမယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ၀င်ခွင့်လျှောက်မယ့်သူတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် (၄၂၀)နဲ့အထက် ရှိရမယ်လို့ သတ်မှတ်ထားပေမယ့် ဝင်ခွင့်လက်ခံမယ့်ဦးရေအရ စာမေးပွဲအမှတ်(၃၈၀)နဲ့ အထက်ရရှိတဲ့သူတွေလဲ လျှောက်ထားနိုင်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် သင်တန်ရေးရာဌာနရဲ့ ဌာနမှူး ဦးသန်းစိုးဦးက ပြောပါတယ်။

ဒီနှစ် ဝင်ခွင့်လျှောက်လွှာအိတ်တွေကို ဇွန်လ ၂၄ရက်ကနေ ဇူလိုင်လ(၂၃)ရက်အထိ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကမာရွတ်နယ်မြေ၊လှိုင်နယ်မြေနဲ့ ရွာသာကြီးနယ်မြေတွေမှာ လက်ခံပေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment