Tuesday, July 9, 2019

Victoria အတွက် ပြည်သူစိတ်ချမ်းသာရမယ့် တရားစီရင်ရေးဖြစ်မယ်လို့ ဒုတရားသူကြီးကတိပေး

Victoriaအမှုနဲ့ပတ်သက်ပြီး ပြည်သူစိတ်ချမ်းသာရမယ့် တရားစီရင်ရေးဖြစ်စေဖို့ ကတိပေးတယ်လို့ ဒက္ခိဏခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးကပြောပါတယ်။ လာမယ့်ဇူလိုင်လ ၁၅ ရက်မှာ အမှုနဲ့ပတ်သက်လို့ ပထမဆုံးရုံးချိန်းခေါ်ယူထားတာဖြစ်ပါတယ်။ နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ သမီးငယ် Victoria အမှုနဲ့ ပတ်သက်ပြီး ကျူးလွန်olအဖြစ် ကျောင်းအုပ်ချုပ်သူရဲ့ ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ဖဖ်းဆီးထားပါတယ်။



ဇူလိုင်၁၅ရက်မှာတော့ အောင်ကြီးကို ပထမဆုံးအကြိမ် ရုံးထုတ်မှာဖြစ်ပြီး တရားစီရင်ရေးကို အနှောင့်အယှက်မဖြစ်စေမယ့် မည်သူမဆို လာရောက်လေ့လာနိုင်တယ်လို့လည်း ဦးညိုဌေး ကပြောပါတယ်။

တရားလိုဘက်က ဆရာမ ဒေါ်နှင်းနုအပါအဝင် လိုပြသက်သေ၂၆ဦးကို အမည်စာရင်းပေးထားပြီး ပထမဆုံးအကြိမ်ရုံးချိန်းမှာတော့အမှုစတင်စစ်ဆေးဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ စစ်ဆေးပြီးရင်လည်း ဆုံးဖြတ်မယ့်ရက်ကို အများပြည်သူသိနိုင်အောင ကြေညာပေးမယ်လို့ ဦးညိုဌေးကပြောပါတယ်။

No comments:

Post a Comment