Tuesday, July 9, 2019

တိုက်ပွဲဖြစ်ရာမြို့နယ်များ၌ အင်တာနက်ပြန်လည်အသုံးပြုခွင့်ရရေး လွှတ်တော်မှတစ်ဆင့် ကြိုးပမ်းမည်ဟု ရခိုင်အမတ်ပြော ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုသည့်အဆိုများ အစိုးရက အကောင်အထည်ဖော်မှုအားနည်းဟုဆို

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) တို့ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၌ ယာယီဖြတ်တောက်ထားသည့် အင်တာနက်ဝန်ဆောင်မှု ပြန် လည်အသုံးပြုခွင့်ရရှိရေး ပြည်သူ့ လွှတ်တော်မှတစ်ဆင့် ကြိုးပမ်း မည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ(ANP)မှ ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်စောဝေက ပြော သည်။ ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ဇွန်လနောက်ဆုံး ပတ်ကစ၍ မိုဘိုင်းအင်တာနက် လိုင်းယာယီပိတ်ပင်ခဲ့ရာ ယင်း လုပ်ရပ်သည် သတင်းအမှောင်ချ သကဲ့သို့ ဖြစ်နေသည်ဟု ဒေါ်ခင် စောဝေက ပြောသည်။



‘‘အခုဆို တိုက်ပွဲတွေဖြစ်နေ တဲ့နေရာတွေအများကြီးရှိတယ်။  တိုက်ပွဲဖြစ်နေတဲ့နေရာမှာ တ ကယ့်တကယ်  အကျပ်အတည်း ဒုက္ခရောက်နေတဲ့၊ မြေစာပင်ဖြစ် တဲ့ ပြည်သူတွေအများကြီးရှိ တယ်။ သူတို့နဲ့ အဆက်အသွယ် တွေက အခုဆိုရင် ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာက သတင်း အမှောင်ချထားတယ်။ ဒါကတော့  လူ့အခွင့်အရေးအရလည်း မဖြစ် သင့်ဘူးလို့မြင်တယ်။ စစ်ဘေး ရှောင်အတွက်  အခက်အခဲရှိနေ တဲ့ဟာတွေလည်း မသိရဘူး။  ဖုန်းဆက်တာထက် သတင်းအင် တာနက်က ပိုပြီးမြန်ဆန်မှုရှိ တယ်။ ဆိုတဲ့အခါ အဲဒီ အင်တာ နက်ကိုပြန်လည်ဖွင့်ပေးဖို့  ပြည် သူ့လွှတ်တော်မှာတင်ဖို့တော့ အ စီအစဉ်တော့လုပ်ထားတယ်’’ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေး များသည် ယခု ဇူလိုင်လလယ်တွင်  နေပြည်တော်၌  ပြန်လည်ကျင်း ပမည်ဖြစ်သည်။ လွှတ်တော်ပြန် စချိန်တွင် ပိတ်ပင်ထားသည့် အင်တာနက်လိုင်း   ပြန်လည် အသုံးပြုခွင့်ရရေး မည်သို့ ကြိုးပမ်းမည်ဆိုခြင်းကို ရခိုင် လွှတ်တော် ကိုယ်စားလှယ်များအ ကြား တိုင်ပင်ဆောင်ရွက်ရန်  စီစဉ်ထားသည်ဟု ဒေါ်ခင်စော ဝေက ဆိုသည်။

အင်တာနက်လိုင်းများ ပိတ် ပင်ထားခြင်းနှင့်ပတ်သက်ပြီး ANP ပါတီ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဦးလှသိန်းအောင် က ပြည်နယ်အတွင်း ယာယီဖြတ်  တောက်ထားသည့် မိုဘိုင်းအင်  တာနက်လိုင်းများကို အမြန်ဆုံး ပြန်လည် အသုံးပြုခွင့်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်  ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ဇွန် လ ၂၄ရက်က ကျင်းပသည့် ရခိုင် ပြည်နယ်လွှတ်တော်သို့ တင်သွင်း ရာအဆိုကို အတည်ပြုခဲ့သည်။

‘‘ရခိုင်ပြည်နယ် လွှတ် တော်မှာတော့ အတည်ပြုထား တယ်။ ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတယ်၊ အတည်ပြု ထားတယ်။ ဒါပေမဲ့ ရခိုင်ပြည် နယ်လွှတ်တော်ကို ပြန်လည်ဆန်း စစ်လိုက်တဲ့အခါ အဆိုတွေ အောင်ပေမယ့် အစိုးရဘက်က  အကောင်အထည်ဖော်မှု အင်မ တန်မှ အားနည်းတယ်’’ ဟု ဒေါ် ခင်စောဝေက ပြောသည်။

မြေပုံမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ၀င်းကလည်း ‘‘အင်တာနက်မရ တော့ အခက်အခဲတွေ အများကြီး ရှိတာပေါ့။ သတင်းအချက်အ လက်တွေ မရကြဘူး။ သတင်းအ  မှောင်ချခံထားရတာပေါ့။ အဲဒါ ကို ရခိုင်ပြည်နယ်လွှတ်တော်က တော့ အဆိုတင်ပြီး အတည်ပြု ပေးထားတာပေါ့။ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ဟာတစ်ခုကို   အ ကောင်အထည်ဖော်မယ့်ဟာက တော့ အစိုးရရဲ့တာဝန်ဖြစ်တယ်။ ဒါနဲ့ပက်သတ်လို့ ထွေထွေထူးထူး တော့ မပြောလိုဘူး။  အကောင်အ ထည်ဖော်ပေးစေချင်တာပေါ့။  လောလောဆယ်မှာ ဒေသခံတွေ  အခက်အခဲဖြစ်နေကြတယ်။ အဲ ဒါကို  အကောင်အထည်ဖော်ပေး စေချင်တယ်’’ ဟု ပြောသည်။
ရခိုင်ဒေသရှိ ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်ရှိ တစ်မြို့နယ်တွင် မိုဘိုင်းအင်တာနက် ၀န်ဆောင်မှု ယာယီဖြတ်တောက်ထားခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ  ဦးဇော်ဌေးက အခြေ အနေများ ပြန်လည်သုံးသပ်နေ ကြောင်း ဇူလိုင် ၅ရက်က နေပြည် တော်၌ ကျင်းပခဲ့သည့်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထား သည်။ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ  အင်တာနက်လိုင်းများပိတ်ပင် သည့်ကိစ္စသည် တပ်မတော်၏ ဆောင်ရွက်ချက်မဟုတ်ကြောင်း ပြောကြားထားသည်။

No comments:

Post a Comment