Tuesday, July 9, 2019

ဖြိုးကိုကိုတင့်ဆန်းအမှု စီမံချက်ဖြင့်ယခုနှစ်အတွင်း အပြီးသတ်စစ်ဆေးမည်ဟုဆို

တစ်နှစ်ကျော် ကြာပြီဖြစ်သည့် ဖြိုးကိုကိုတင့် ဆန်းအမှုကို ယခုနှစ်(၂၀၁၉) အ တွင်းအပြီးသတ်ရန် စီမံချက်ရေး ဆွဲနေကြောင်း ဒက္ခိဏခရိုင်တရား ရုံးမှ ဒုတိယခရိုင်တရားသူကြီးနှင့် သတင်းမှန်ပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောသည်။ ဖြိုးကိုကိုတင့်ဆန်းကို စွဲဆို ထားသည့်အမှု ၁၄ မှုရှိပြီး ရှစ်ခု တွင် အမှုစစ်ရဲအရာရှိများနှင့် တရားလိုပြသက်သေများကို စစ် ဆေးပြီးဖြစ်၍ တရားခံများကိုစစ် ဆေးမည့်အခြေနေသို့ ရောက်ရှိ နေပြီး ခြောက်မှု၌ ဥပဒေအရာ ရှိများကို စစ်ဆေးရန်သာကျန်ရှိ ကြောင်း ၎င်းက ဆိုသည်။



ထိုသို့ အပြီးသတ်စစ်ဆေး ရန်ကိစ္စကို မှုခင်းစီမံခန့်ခွဲမှုအစီ အစဉ်ဖြင့် ဆောင်ရွက်ရန် ယမန် နေ့က နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် ပထမအကြိမ် နှစ်ဖက်ရှေ့နေများပါဝင်သော အ စည်းအဝေးပြုလုပ်ခဲ့သည်။

‘‘ကောင်းတဲ့ အစဉ်အလာ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တချို့ဒေသတွေမှာ အမှုတွေ ပိုမို မြန်ဆန်လာတယ်လို့ လေ့လာ တွေ့ရှိရတယ်။ မြန်မြန်ပြီးသွား နိုင်တယ်’’ဟု ဖြိုးကိုကိုတင့်ဆန်း  ၏ရှေ့နေ တရားလွှတ်တော်ရှေ့ နေဦးအောင်မြင့်က ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း အမှု သည် ၂၀၁၈ ဇန်န၀ါရီ ၃ ရက်က တည်းက စတင်စစ်ဆေးနေပြီး တစ်နှစ်ခွဲကျော်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်ရောက်မှ အမှု များကို  စွဲချက်တင်ခဲ့သည်။

ထိုသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင်နိုင်ရေး ဖြိုးကိုကိုတင့်ဆန်း၏ရှေ့နေက ကြိုးစားသော်လည်း တရားရုံးအဆင့်ဆင့်အပြင် အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကလည်း ပယ်ချထားသည်။ ၂၀၁၇ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်လေဆိပ် တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် အ ပေါင်းအပါနှစ်ဦးထံမှ လက်နက်၊ ကျည်ဆန်၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိပြီး ကွင်းဆက်အ ဖြစ် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်၊ နေအိမ်တို့၌ စကားပြောစက်၊ လက်နက်များ ထပ်မံတွေ့ရှိ၍ အမှုဖွင့်စစ်ဆေးခြင်းဖြစ်သည်။

No comments:

Post a Comment