Tuesday, July 9, 2019

ရှမ်းပြည်နယ်တွင် ဝန်ကြီးဌာနသစ် ဖွဲ့စည်းမည့်အစီအစဉ် လွှတ်တော်ပယ်ချ

ရှမ်းပြည်နယ်အစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန တိုးချဲ့ဖွဲ့စည်းမည့် အစီအစဉ်ကို ကန့်ကွက်မဲများသဖြင့် လွှတ် တော်က ပယ်ချခဲ့သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အထူးအ စည်းအဝေး (ပထမနေ့) ဇူလိုင် ၈ ရက်တွင် ၀န်ကြီးဌာန အသစ် တိုးချဲ့ဖွဲ့စည်းမည်ကို  မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ကန့်ကွက်၍ စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ မဲပေးသူ ၁၂၁ ဦးရှိသည့်အနက် ကန့်ကွက် ၈၇ မဲ၊ ထောက်ခံ ၃၂ မဲ၊ ကြားနေ တစ်မဲနှင့် မဲမပေးသူတစ်ဦး ရှိခဲ့သည်။



ကန့်ကွက်မဲများသဖြင့်  ရှမ်းပြည်နယ်လွှတ်တော်က လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအ ရင်းအမြစ်ဝန်ကြီးဌာနကို အတည်မပြုဟု  ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ကြေညာ သည်။

‘‘ဒါက နိုင်ငံတော်ရဲ့ လုံခြုံ ရေးအရ ကန့်ကွက်တာ၊ ပြည်နယ်အဆင့်ကသာ သွားပြီး ကိုင်မယ်ဆို ရင် နိုင်ငံခြားသားဝင်တာ ထွက် တာ၊ မိမိနိုင်ငံသားဖြစ်တာ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲတာ၊ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူတာတွေမှာ ပြဿနာတွေ ရှိလာ နိုင်တယ်။ ဒါကို ဗဟိုက လုပ်မှပဲ ရမယ်’’ ဟု ဦးသန်းဝင်းက ပြော သည်။ အခြားပြည်နယ်နှင့် တိုင်း များတွင် ဖွဲ့စည်းခြင်းသည် ၎င်းတို့ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သာဆိုင်ပြီး ရှမ်းပြည်နယ်၌ မလိုအပ်သေးဘဲ ရခိုင်ပြည်နယ်လွှတ် တော်တွင်လည်း အလားတူ ၀န်ကြီးဌာန ကန့်ကွက်ပယ်ချခံထားရ ကြောင်း ၎င်းက ပြောသည်။

No comments:

Post a Comment