Tuesday, May 21, 2019

ပီအက်စ်ဂျီမှ ပြောင်းရွှေ့နိုင်ဖွယ်ရှိဟု မက်ဘီအရိပ်အမြွက် ပြောကြား

ပီအက်စ်ဂျီအသင်းမှပြောင်း ရွှေ့နိုင်ခြေအတွက် ကိုင်လီယန် မက်ဘီက တံခါးဖွင့်ထားသည်။ ပြင်သစ်လိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရ ရှိပြီး    မကြာမီ    မိမိအနေဖြင့် ပီအက်စ်ဂျီမှာပင် ဖြစ်စေ၊ စီမံ ကိန်းအသစ်တစ်ခုနှင့် အခြားနေ ရာမှာပင်ဖြစ်စေ ပိုမိုတာဝန်ယူလို သည်ဟု အသက် (၂၀) အရွယ် ကမ္ဘာ့ဖလားဆုရှင်က ပြောသည်။ ၂၀၁၇ က ယူရိုသန်း ၁၀၀ ဖြင့် မိုနာကိုမှ ရောက်ရှိလာသော မက်ဘီသည် ပြင်သစ်ချန်ပီယံအ သင်းမှ ပြောင်းရွှေ့နိုင်ခြေကို ယခင်က မဖွင့်ဟခဲ့ဖူးပေ။



‘‘တာဝန်ယူမှုတွေ ပိုလုပ်ဖို့ အတွက် မှန်ကန်တဲ့အချိန်ဖြစ်နိုင် တယ်လို့ ကျွန်တော်ခံစားနေရပါ တယ်။ ဒါဟာပီအက်စ်ဂျီနဲ့ဖြစ် မယ်လို့ မျှော်လင့်ပြီး အရမ်းပျော် စရာကောင်းမှာပါ။ ဒါမှ မဟုတ် လည်း တခြားနေရာမှ ပရောဂျက် အသစ်တစ်ခုနဲ့ ဖြစ်ဖြစ်ပေါ့’’ ဟု လီဂူးဝမ်း အကောင်းဆုံးကစား သမားနေမာနေရာကို ဆက်ခံခဲ့ သူမက်ဘီက ပြောသည်။

မက်ဘီသည် ရုရှားကမ္ဘာ့ ဖလားရပြီးနောက် ယခုနှစ်လီဂူး ဝမ်းတွင် ၃၂ ဂိုးသွင်းယူခဲ့ပြီး  ၁၉၆၆ နောက်ပိုင်း ယင်းဂိုးအရေ အတွက် သွင်းယူသည့် ပထမဆုံး ပြင်သစ်ကစားသမား ဖြစ်လာ သည်။

မက်ဘီသည် ဇီဒန်းနည်းပြ  အဖြစ် ပြန်လည်ရောက်ရှိနေသော ရီးရဲလ်သို့ ပြောင်းရွှေ့နိုင်သည်ဟု သတင်းထွက်နေသည်။

ပီအက်စ်ဂျီသည် ခုနစ်နှစ် အတွင်း ခြောက်ကြိမ်မြောက် လီ ဂူးဝမ်းချန်ပီယံဆု ရရှိခဲ့သော် လည်း ယခုရာသီတွင် ပြင်သစ်ဖ လားနှင့် ပြင်သစ်လိဂ်ဖလားများ ကို မကာကွယ်နိုင်ခဲ့ဘဲ ချန်ပီယံ လိဂ်တွင်လည်း ကွာတားဖိုင်နယ် မှ သုံးနှစ်ဆက်တိုက်လှည့်ပြန်ခဲ့ရ သည်။ မက်ဘီသည် ပြင်သစ်လိဂ် အကောင်းဆုံးလူငယ်ကစားသ မားဆုကိုလည်း တတိယနှစ်ဆက် တိုက်ရရှိခဲ့သည်။ လိုင်လီအသင်း ကို ဒုတိယနေရာ ပို့ဆောင်သည့် နည်းပြ ခရစ်တိုဗီဂယ်လ်တီယာက တစ်နှစ်တာအကောင်းဆုံး နည်း ပြဆု ရရှိခဲ့သည်။ 

No comments:

Post a Comment