Tuesday, May 21, 2019

တောင်သူလယ်သမားဝန်ကြီးဌာနသစ်ဖွဲ့ရန် အဆိုတင်မည်ဟု ပြည်ခိုင်ဖြိုးပြော

တောင်သူလယ်သမားများအရေး ဆောင်ရွက်ရန် ၀န်ကြီးဌာနတစ်ခု သီးသန့်ထားရှိသင့်ပြီး ထိုသို့ ဆောင်ရွက်ပေးရန်  လွှတ်တော်၌  အဆိုတင်တိုက်တွန်းမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။ သန်လျင်မြို့နယ် သူဌေး ကွင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်စီစဉ်မှုဖြင့် ယမန် နေ့ကပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး တောင်သူလယ်သမား များတွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။



လက်ရှိတွင် တောင်သူလယ် သမားရေးရာကိစ္စရပ်များနှင့်ပတ် သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထားသော်လည်း တောင်သူများအကျိုးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ဦးသန်းဌေးက ဆို သည်။ ‘‘သူ(၀န်ကြီးဌာန) လုပ်နေ တဲ့ အလုပ်တွေဟာ လယ်ယာ ကဏ္ဍစိုက်ပျိုးရေးဘက်၊ ကုန် ထုတ်လုပ်ရေးဘက်မှာပဲ  အလေး သာနေတာကို တွေ့ရတယ်။ ဒါ ကြောင့် သူတို့(တောင်သူများ)ရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို အ  ကောင်အထည်ဖော်ဖို့ မားမား မတ်မတ်ရပ်တည်ပေးမယ့် အဖွဲ့ အစည်းတစ်ခု ရှိသင့်တယ်လို့ မြင် ပါတယ်’’ဟု ၎င်းကပြောသည်။

သို့သော် တောင်သူလယ် သမားများအကျိုး အမှန်တကယ် ဆောင်ရွက်လိုပါက တောင်သူ လယ်သမားရေးရာ အဖွဲ့အစည်း များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြု ရန်သာ အဓိကကျပြီး ၀န်ကြီးဌာန တစ်ရပ် သီးသန့်ဖွဲ့စည်းရုံဖြင့် ထူး ခြားမည်မဟုတ်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက် ပြုသည်။

‘‘အစိုးရကိုယ်တိုင်က ကူညီ ပြီးတော့ စစ်မှန်တဲ့ တောင်သူအ ဖွဲ့အစည်းမျိုးဖြစ်အောင် လုပ်ပေးရင် တောင်သူလယ်သမားပြဿနာကို အဲဒီအဖွဲ့က သူ့ဟာသူ လွတ်လွတ်လပ်လပ် ဖြေရှင်းနိုင်ခွင့်ရှိ သွားမယ်’’ဟု မအူပင်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်တွင် တောင်သူများအ ရေး ဆောင်ရွက်ပေးနေသည့် ဦး စီးဌာန ၁၄ ခုခန့်ပါဝင်သည့်အပြင်  တောင်သူလယ်သမားအရေးကိစ္စ များနှင့် သက်ဆိုင်သည့် ပြည် ထောင်စုအဆင့်ကော်မတီများကို လည်း ဖွဲ့စည်းထားပြီးဖြစ်၍ သီး ခြားဝန်ကြီးဌာန ထပ်မံဖွဲ့စည်းရန် မလိုအပ်ကြောင်း အမျိုးသား လွှတ်တော်ေ တာင်သူလယ်သမား ရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုး သိန်းကပြောသည်။

ထို့အပြင် လက်ရှိလွှတ်တော် က  ဒုတိယအကြိမ် ပြင်ဆင်ရေး ဆွဲထားသည့် တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင် တောင်သူများကိုယ် တိုင်ပါဝင်သော တောင်သူလယ်  သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင် ရေး ဆောင်ရွက်ရန်လည်း ထည့် သွင်းဖော်ပြထားကြောင်း ၎င်းက  ပြောသည်။

 ‘‘ဒီလိုအချက်အလက်တွေ  ရှိပြီးသားဖြစ်တဲ့အတွက်  လော လောဆ ယ် တောင်သူလယ်သမား  အရေးဆိုင်ရာ ၀န်ကြီးဌာနဆိုတာ  မလိုသေးပါဘူး’’ဟု ဦးဘမျိုးသိန်း ကဆိုသည်။  ယခင်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအာဏာရ စဉ် (၂၀၁၁-၁၅)ကလည်း ထိုသို့ သော ၀န်ကြီးဌာနမျိုး ဖွဲ့စည်းခြင်းမရှိသကဲ့သို့ လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်တွင် တောင်သူလယ် သမားကိစ္စများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသာ အဓိကတာဝန်ယူ ဆောင်ရွက်နေသည်။

No comments:

Post a Comment