Saturday, May 11, 2019

ချောက်မြို့တွင် အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန် ၊ တစ်နေ့တည်း မြို့လေးမြို့ အပူစံချိန်သစ်တင်

 မြန်မာနိုင်ငံဒေသအ ချို့တွင် အပူချိန်ပြန်လည်မြင့် တက်နေပြီး ချောက်မြို့အပါအ၀င်  မြို့လေးမြို့၌ တစ်နေ့တည်း အပူ ချိန်စံချိန်သစ် တစ်ပြိုင်နက်တင်ခဲ့ သည်။ ချောက်၊ ကျောက်ဆည်၊ ဂန့်ဂေါနှင့် လွိုင်ကော်မြို့တွင် အ ပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြား   မှုဦးစီးဌာနက ယမန်နေ့ (မေလ  ၁၀ ရက်)က သတင်းထုတ်ပြန် သည်။ မကွေးတိုင်းဒေသကြီးရှိ ချောက်မြို့သည် မတ်လဆန်းက စတင်ကာ အပူချိန်သိသိသာသာ မြင့်တက်ပြီး ကျန်းမာရေးအရသတိပြုရန်လိုအပ်သည့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၆ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနေခဲ့သည်။ မေလ ၉ ရက်တွင် အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ  မြင့်တက်ပြီး စံချိန်သစ်တင်ခြင်းဖြစ်သည်။


ယင်းအပူချိန်သည် မြန်မာနိုင်ငံရှိမြို့၁၇ မြို့တွင် ၂၈ ကြိမ်အပူချိန်စံချိန်သစ်တင်ခဲ့ရာ၌ အမြင့်ဆုံးစံချိန်ဖြစ်သည်။  ‘‘ကျွန်တော်တို့က အရိပ်ထဲ နေတော့ သိပ်ပြဿနာမရှိဘူး။  နေပူထဲအလုပ်လုပ်ရသူတွေအ တွက် စိုးရိမ်တာ။ တော်တော် တော့ ပူနေတယ်’’ ဟု မကွေးမြို့  နယ်ကျန်းမာရေးဦးစီးဌာန ဦးစီး အရာရှိဦးအောင်စိုးက ပြော သည်။ မေလ ၉ ရက်က ဂန့်ဂေါမြို့ တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်မြို့တွင် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော် မြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်ရှိပြီး စံချိန်သစ်တင်ခဲ့သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အပူချိန်မြင့်မားနေသော မ ကွေးတိုင်းဒေသကြီးရှိမြို့နယ်အ ချို့တွင် ကျန်းမာရေးဦးစီးဌာနက  ဦးဆောင်ကာ အပူရှောင်စခန်း များဖွင့်လှစ်ထားသည်။ အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံသို့ ၀င် ရောက်ခြင်းမရှိသေး၍ မိုးရွာသွန်း မှုလျော့နိုင်ကာ အပူချိန်ပြန်လည် မြင့်တက်လာနိုင်၍ သတိပြုနေ ထိုင်ရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ထားသည်။

No comments:

Post a Comment