Saturday, May 11, 2019

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း စီမံကိန်း ၁၉ ခု လက်မှတ်ရေးထိုး

ယမန်နေ့က စတင်ပြု လုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် တိုင်းအစိုးရက စီမံကိန်း တစ်ခုအပါအ၀င် ပုဂ္ဂလိကလုပ် ငန်းစီမံကိန်း ၁၉ ခုကို လက်မှတ် ရေးထိုးခဲ့သည်။ ဒုတိယအကြိမ်မြောက် ရန် ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပနေခြင်းဖြစ်သည်။ အဆိုပါဖိုရမ်တွင် ရန်ကုန် တိုင်းအစိုးရနှင့် ဟောင်ကောင်၊ တိုင်ပေအပါအ၀င် ကုမ္ပဏီသုံးခု က ကန်ဒေါ်လာသန်း ၅၀၀ တန် ရန်ကုန်-ထန်းတပင်နည်းပညာ ဥယျာဉ်စီမံကိန်းကို နားလည် မှုစာချွန်လွှာ ရေးထိုးခြင်းအပါ အ၀င် ပုဂ္ဂလိက ကုမ္ပဏီများက နားလည်မှုစာချွန်လွှာနှင့် သဘော တူညီမှုစာချွန်လွှာစုစုပေါင်း ၁၉ ခု လက်မှတ်ရေးထိုးသည်။



‘‘ဒီကနေ့ လက်မှတ်ရေးထိုး တာက ပုဂ္ဂလိကနယ်ပယ်အသီး သီးက လက်မှတ်ရေးထိုးတာဖြစ် ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း လက်မှတ်ရေးထိုးရမယ့်ကိစ္စတွေ ကို လက်မှတ်ထိုးကြတာပါ’’ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။

ပုဂ္ဂလိက ကုမ္ပဏီအချင်း ချင်း လက်မှတ်ရေးထိုးမှုတွင် လှည်းကူးမြို့နယ်ရှိ မြေဧက ၇၀၀ ခန့်၌ ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မလစ် ကျေးရွာရှိ မြေဧက ၅၅၀ ခန့်တွင် New City Light စက်မှုဥယျာဉ် တို့ကို New City Development ကုမ္ပဏီနှင့် တရုတ် Bauing International Construction Investment ကုမ္ပဏီတို့ကနားလည် မှု စာချွန်လွှာ(MoU)ရေးထိုးခဲ့ သည်။

ထို့အပြင် တရုတ်ကုမ္ပဏီ က Yangon City Renewal စီမံ ကိန်းနှင့် Yangon Construction Material ကုန်သွယ်မှုစင်တာကို လည်း ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ထိုင်းဟိုတယ် ကုမ္ပဏီနှင့် ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့က ဟိုတယ်လုပ် ငန်းငါးခုကို လက်မှတ်ရေးထိုးခဲ့ သည်။

ထို့အပြင် ဟံသာဝတီစက်မှု ဥယျာဉ်စီမံကိန်းအတွက် ဟံသာ ၀တီဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ နှင့် South Asia Future Investment ကုမ္ပဏီအုပ်စုတို့က လက် မှတ်ရေးထိုးခဲ့သည်။ မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၊ Precast Concrete ထုတ်လုပ်ရေးစက်ရုံတို့အတွက်လည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် အိန္ဒိယက Mohan Mutha ပို့ကုန်ကုမ္ပဏီနှင့် ပြည်တွင်း KMA ကုမ္ပဏီတို့ စီမံ ကိန်းသုံးခုအတွက် လက်မှတ်ရေး ထိုးခဲ့သည်။ ထိုစီမံကိန်းတွင် ဧရာဝတီ တိုင်းအတွက် စက်မှုဥယျာဉ်စီမံ ကိန်းသုံးခုကိုလည်း ပုဂ္ဂလိကုမ္ပဏီ များကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို ၂၀၁၉ တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ တွင် ပထမအကြိမ်ကျင်းပထားသည်။

No comments:

Post a Comment