Saturday, May 11, 2019

အာရှ၏နောက်ဆုံးစီးပွားရေးဥပစာဖြစ်သော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပလုပ်ငန်းရှင်များကို အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

အာရှ၏ နောက်ဆုံးစီး ပွားရေးဥပစာဖြစ်သော မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ ခြားသားလုပ်ငန်းရှင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖိတ် ခေါ်သည်။ ယမန်နေ့က ပြုလုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ တွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့်ပြောကြားသော အမှာ စကားတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းဖြစ်သည်။  ‘‘လုပ်သာကိုင်သာရှိသော၊ လွယ်ကူချောမွေ့သော၊ ကြိုတင် ခန့်မှန်းနိုင်သော ပွင့်လင်းမြင်သာ မှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခု ကို ကျွန်မတို့ဖန်တီးပေးဖို့ အခိုင် အမာပြောကြားလိုပါတယ်’’ ဟု နိုင်ငံခြားသား စီးပွားရေးလုပ်ငန်း ရှင်များစွာတက်ရောက်သည့် ဖို ရမ်တွင် ဒေါ်အောင်ဆန်းစုကြည် က အမှာစကား၌ ထည့်သွင်း ပြောကြားသည်။



ထို့အပြင် စီးပွားရေးဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ လွယ်ကူလျင်မြန်စေရန် စံသတ် မှတ်ချက်များ ရေးဆွဲနေသည်ကိုလည်း ရှင်းပြသည်။ အသစ်ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ကုမ္ပဏီမှတ်ပုံတင်စနစ်၊ စီမံကိန်း ဘဏ်စသည်တို့ကိုလည်း သိရှိစေ ရန် အနည်းငယ်မိတ်ဆက်သည်။

 နိုင်ငံခြားသားလုပ်ငန်းရှင် များ ကြုံတွေ့နေရသည့် မြေရရှိ ရေးနှင့်ပတ်သက်၍လည်း ဖြေ ရှင်းနိုင်မည့် မြေယာဘဏ်နှင့်ပတ် သက်သော အမိန့်ကြော်ငြာစာ တစ်စောင် ထုတ်ပြန်မည်ဟု အသိပေးသည်။ မြေယာဆိုင်ရာ သတင်းအချက်အလက်များ တစ်နေရာတည်းတွင် ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ မြေရရှိရေး အထောက် အပံ့ဖြစ်မည်ဟု ရှင်းပြသည်။

နိုင်ငံတကာတွင် အထီးကျန် မှုမှ ထိုးဖောက်လာသည့် မြန်မာ နိုင်ငံ၌ စိန်ခေါ်မှုများစွာရှိနေသည့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အနာဂတ်ကောင်းရှိစေရန် တံခါး ဖွင့်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကို ရန်ကုန်တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သည့် ဖိုရမ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုဖြင့် ပြောကြား သော အမှာစကားကို အင်္ဂလိပ် ဘာသာစကားဖြင့် ပြောကြားခြင်း ဖြစ်သည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် စီးပွားရေးလုပ်ငန်းများ ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းပြသည်။

‘‘ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ် တဲ့ အစိုးရအဖွဲ့များနဲ့ အလားအ လာရှိတဲ့ ရင်းနှီးမြှုပ်နှံသူများအ ကြား တိုက်ရိုက်ဆက်သွယ်မှုတွေ ပိုပြုလုပ်နိုင်ဖို့အတွက် ဒီကနေ့ပွဲ က ကူညီနိုင်လိမ့်မယ်လို့ ကျွန် တော့်အနေနဲ့ မျှော်လင့်ပါတယ်’’ ဟု ကိုရီးယားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဖြင့် ဖွင့်လှစ်ထားသော LOTTE ဟိုတယ်တွင် ပြုလုပ်သည့် ဖိုရမ်၌ ဦးသောင်းထွန်းက ပြောသည်။

နိုင်ငံရေး အကူးအပြောင်း စတင်ချိန်ကစ၍ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ဒေသ တွင်းသာမက ကမ္ဘာ့အဆင့်၌ပါ စီးပွားရေးတိုးတက်မှု အလျင်မြန် ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ထိန်း သိမ်းနိုင်သည်ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။

နိုင်ငံ့စီးပွားရေး၏ ၂၄ ရာခိုင် နှုန်း၊ နှစ်စဉ် ဂျီဒီပီတိုးတက်မှု ၉ ဒသမ ၂ ရာခိုင်နှုန်းရှိနေသော ရန် ကုန်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဧရိယာအသေးငယ်ဆုံး တိုင်းဖြစ်ပြီး လူဦးရေ ခုနစ်သန်း ကျော်ဖြင့် အများဆုံးလူနေထိုင် သည်။ ရန်ကုန်ကို မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော နေရာတစ်ခုသာမက ကမ္ဘာ့စီးပွား ရေးအချက်အချာကျသောနေရာ တစ်ခုအဖြစ် ရည်ရွယ်ဆောင်ရွက် နေသည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

‘‘ဖိုရမ်ကိုကျင်းပတာ ရန်ကုန်တင်မကဘူး။ တစ်နိုင်ငံလုံးမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်မှန်းပါတယ်’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။  အရပ်သား အစိုးရလက် ထက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အထိ ရန် ကုန်တိုင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၂၂ ဘီလီယံခန့် ၀င်ရောက်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရှင်းပြသည်။

No comments:

Post a Comment