Saturday, May 11, 2019

ဒီဇယ်ဆီနှစ်မျိုး ဈေးအနည်းငယ် ပြန်လည်ကျဆင်း

 ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ယခုရက်ပိုင်းအ တွင်း ဒီဇယ်ဆီနှစ်မျိုးတစ်လီတာ လျှင် ၁၀ ကျပ်စီပြန်လည်ကျဆင်း လာသည်။ ပြည်တွင်း စက်သုံးဆီဈေး နှုန်းများသည် မတ်လဆန်းကစ၍ ဆက်တိုက်မြင့်တက်နေရာ မေလ ဒုတိယပတ်တွင် ဒီဇယ်ဆီနှစ်မျိုး ဈေးပြန်ကျဆင်းလာသည်။ စက်သုံးဆီရန်ကုန်အထိုင် ဈေးကွက်ရှိ ဆိုင်အများစုတွင် မေ လ ၁၀ ရက်က အောက်တိန်း-92 တစ်လီတာလျှင် ၈၉၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာ လျှင် ကျပ် ၉၇၀၊ ဒီဇယ်တစ်လီ တာလျှင် ကျပ် ၁,၀၀၀ နှင့် ပရီမီ ယံဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၀၁၀ နှုန်းဖြင့် ရောင်းချခဲ့သည်။ အဆိုပါဈေးနှုန်းများအရ ဒီ ဇယ်ဆီနှစ်မျိုးသည် ဧပြီ ၃၀ ရက် ကထက် တစ်လီတာလျှင် ၁၀ ကျပ်စီကျဆင်းပြီး အောက်တိန်း ဆီနှစ်မျိုး  ဈေးနှုန်းတည်ငြိမ်နေ သည်။



‘‘ဒီဇယ်ဈေးက ကမ္ဘာမှာ လည်းပြန်ကျနေတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက်မှာပါ အ ပြောင်းအလဲဖြစ်လာတဲ့သဘော ပဲ။ တစ်လီတာကျပ် ၁,၀၀၀ အောက်ပြန်ရောက်နိုင်တယ်လို့ ခန့်မှန်းနေကြတယ်’’ ဟု စက်သုံး ဆီဈေးကွက်ကျွမ်းကျင်သူတစ်ဦး က ပြောသည်။ ကမ္ဘာ့စက်သုံးဆီဒီဇယ်ဈေး နှုန်းလည်း ယခုရက်ပိုင်းအတွင်း တစ်စည်လျှင် နှစ်ဒေါ်လာခန့် ကျဆင်းကြောင်း ဈေးကွက်သတင်းများက ဆိုသည်။ ပြည်တွင်း စက်သုံးဆီဈေး ကွက်၌ ယခုနှစ်ဆန်းတွင် ဒီဇယ် တစ်လီတာလျှင် ကျပ် ၈၀၀ ခန့် အထိ ကျဆင်းခဲ့သည်။

No comments:

Post a Comment