Saturday, May 11, 2019

ပြည်ထောင်စုအစိုးရဦးဆောင်မှုအောက် တပ်မတော်ရှိ၊ မရှိမေးခွန်း နှုတ်ဖြင့်မေးခွင့် ရုပ်သိမ်းခံရ

တပ်မတော်သည် ပြည်ထောင်စုအစိုးရ၏ ဦးဆောင် မှုအောက်တွင် ရှိ၊ မရှိနှင့်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ပဋိပက္ခ ဖြစ်ပွားခြင်း ရှိ၊ မရှိမေးခွန်းကို နှုတ်ဖြင့်မေးမြန်းခွင့်  ရုပ်သိမ်းခံ ရသည်။  ကိုယ်စားလှယ်များထံကြို တင်ဖြန့်ဝေထားသည့် အစည်းအ ဝေးအစီအစဉ်လျာထားချက်၌ မေလ ၁၀ ရက်ပြည်သူ့လွှတ်တော်   တွင် အထက်ပါမေးခွန်းမေးမြန်း ရန်ပါဝင်သော်လည်း အမှန် တကယ်ကျင်းပချိန်၌ မူယင်းအစီ အစဉ်ပါဝင်လာခြင်းမရှိပေ။
‘‘ဒီမနက် (မေလ ၁၀ရက်) ကျမှမပါတော့ဘူး။ ကျွန်တော့် (မေးခွန်း) ကို ရုပ်သိမ်းလုပ်လိုက် တယ်။ ဒီကိစ္စကို ညွှန်ချုပ်ကိုမေး တော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးက ခွင့်မပြုဘူး။ ဒါကိုစာနဲ့ ပြန်လည်ဖြေကြားပေးဖို့အတွက် ကြယ်ပွင့်မပြမေးခွန်းပြန်တင်ပေး ပေါ့။ အဲဒီလိုပြောပါတယ်’’ ဟု မေးခွန်းရှင်မယ်စဲ့မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး သန်းလင်းလင်းကပြောသည်။၎င်း  သည် အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦး လည်းဖြစ်သည်။

လက်ရှိအခြေအနေများအရ ပြည်သူလူထုအကြားတွင် တပ်မ တော်ကတစ်ဖက်၊ အစိုးရက တစ် ဖက်ဟူသော ရှုမြင်သုံးသပ်မှုများ ရှိနေ၍ အဆိုပါမေးခွန်း မေး မြန်းရန်တင်သွင်းခြင်း ဖြစ် ကြောင်း၎င်းကဆိုသည်။ ‘‘ရိုးရိုး သားသားအပွင့်လင်းဆုံးပြောရ ရင် ကျွန်တော်သိချင်လို့တိုင်းရင်း သားတစ်ယောက်အနေနဲ့မေးတာ ပါ’’ ဟု ဦးသန်းလင်းလင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ မေး ခွန်းနှင့် အဖြေများမေးမြန်းတင် သွင်းခွင့်ပြုခြင်း၊ မပြုခြင်းစသည် တို့မှာ လွှတ်တော်ဥက္ကဋ္ဌ၏ လုပ် ပိုင်ခွင့်ဖြစ်ကြောင်းပြောသည်။

‘‘တစ်ဖက်က ကန့်ကွက်လို့ ဖယ်လိုက်တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ဆုံးဖြတ်ချက်အရ ခွင့်မပြုသလားဆိုတာကတော့ ဥက္ကဋ္ဌကိုယ်တိုင်ပဲသိမယ်။ ဒါက ဥက္ကဋ္ဌရဲ့လုပ်ပိုင်ခွင့်လေ’’ ဟု ဒီချုပ်အမတ် တစ်ဦးကမှတ်ချက် ပြုသည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကမူ လက်ရှိအစိုးရ အာဏာရပြီးမကြာမီ ၂၀၁၆ မေလ ၁၃ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တပ်မ တော်သည်အခြေခံဥပဒေပြဋ္ဌာန်း ချက်များအတိုင်းဆောင်ရွက်နေ ခြင်းသာဖြစ်ပြီး အစိုးရဦးဆောင် မှုအောက်တွင် ရှိနေကြောင်း ပြောကြားထားသည်။

‘‘တပ်မတော်ဟာ ဥပဒေ ကိုလိုက်နာတဲ့အဖွဲ့အစည်းဖြစ်ပါ တယ်။ စည်းကမ်းလည်းတင်းကျပ် တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ နဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့ ထင်နေသလိုတော့မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့တော့ အစိုး ရဦးဆောင်မှုအောက်မှာ လိုက် လုပ်နေတယ်ဆိုတာပြောချင်ပါ တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောထားသည်။ ပြည်တွင်း၊ ပြည်ပရှိနိုင်ငံ ရေးလေ့လာသူအချို့ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တပ်မ တော်ကို ခွင့်ပြုပေးထားသည့် သီးခြား လုပ်ပိုင်ခွင့်များကြောင့် မြန်မာနိုင်ငံတွင် အစိုးရနှစ်ရပ် ရှိနေသည်ဟူ၍ မှတ်ချက်ပြုမှု များရှိနေသည်။

No comments:

Post a Comment