Saturday, May 11, 2019

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်တွင်မေးမြန်း

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်းသိရသည်။ နေပြည်တော်၌ မေ ၁၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂  ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေး ရပ်နားတဲ့အချိန်မှာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေကို သွားရောက်ပြီးတော့ မဲဆန္ဒရှင်များနဲ့တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဖိတ်ကြားလို့ အခမ်းအနားများတက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် စရဖများဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ဖိတ်ကြားချက်အရ အခမ်းအနားကို တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အစည်းအဝေးများမှာ သတင်းရယူ၍ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို နားလည်မှုပေးနိုင်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေမှာ မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတဲ့နေရာမှာ ゞင်းတို့ရဲ့ စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းများဟာ မဲဆန္ဒရှင်ပြည်သူကိုရော လွှတ်တော်ကိုယ်စားလှယ်ကိုပါ လွတ်လပ်မှုမရှိသလို၊ လုံခြုံမှုမရှိသလို၊ တရားဥပဒေစိုးမိုးမှု မရှိသလို ခံစားနေရပါတယ်” ဟု ဦးခင်ဇော်က ပြောကြားသည်။ ထိုသို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များက ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ ပုဒ်မ ၆၂ ပါ ပြည်သူများက ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအား ရွေးချယ်မဲ ပေးခဲ့သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့်ပြည်စုံသော အများက လေးစားထိုက်သည့် ပုဂ္ဂိုလ်များဖြစ်သည်ဆိုသည့် ပြဋ္ဌဌာန်းချက်ကို အဟောသိကံဖြစ်စေကြောင်း ゞင်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေဒေသအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး ထူးခြားမှုသတင်းများအား ရယူပြီး ဒေသတွင်းရှိ အရေးကြီး အဆောက်အအုံများနှင့် အရေးကြီးပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရေးအတွက်လည်း ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသို့ ပုဂ္ဂိုလ်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်သတင်းရယူခြင်းမျိုးမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရပ်နားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်းများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စများသာဖြစ်ကြောင်း ゞင်းက ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနဲ့ စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များမဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်သောကြောင့် အလွယ်တကူ သတင်းရရှိနိုင်သည့် ကိစ္စရပ်များ ဖြစ်တဲ့အတွက် ゞင်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ဆန့်ကျင်ချိုးဖောက်သည်ဟု ဆိုနိုင်မည်မဟုတ်ကြောင်းနဲ့ အများပြည်သူနဲ့အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများအား စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများအား စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက  လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မေ ၁၀ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum တွင် ပြောကြားသည်။ “ကျွန်မအနေနဲ့ အားလုံးကို အလေးအနက် တိုက်တွန်းချင်တာကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာ အထီးကျန်မှု အခြေအနေက ထိုးဖောက်ထွက်လာတဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် အနာဂတ်ကောင်းတစ်ခု ရရှိစေဖို့ တံခါးဖွင့်ထားတဲ့ နိုင်ငံတစ်ခုအဖြစ် ရှုမြင်စေလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တောက်ပရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အပံ့များကို အစိုးရဘက်မှလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ကူညီပေးကြတဲ့ လူကြီးမင်းတို့ရဲ့ အခိုင်အမာပါဝင်မှုတွေကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြတဲ့ သူများအားလုံးကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေးဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကျွန်မအနေနဲ့ ဖိတ်ခေါ်လိုပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လက်ရှိရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူများကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက ကြွယ်ဝစေမည်ဖြစ်သည့် လုပ်သာကိုင်သာရှိသော လွယ်ကူချောမွေ့သော ကြိုတင်ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံသူများအတွက် မိတ်ဖက်ဖြစ်သော စီးပွားရေးဝန်းကျင်တစ်ခု ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခုကို ကျွန်မတို့က ဖန်တီးပေးမှာဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်အတွက် အောင်မြင်မှုရရှိခဲ့သည့် အစီအမံများစွာကို အထူးစီးပွားရေးဇုန်အတွင်း ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအခြေခံကောင်းများကို နမူနာယူ၍ နိုင်ငံတစ်ဝှမ်း ဖြန့်ကြက်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥတုအခြေအနေမှာ သိသာထင်ရှားသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ゞင်းက ဆက်လက်ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံနီးပါး ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်အထိ ခုနစ်လနီးပါးအတွင်း ဒေါ်လာ ၂ ဒသမ ၅ ဘီ လျံကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၆ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၅၄၆ ဒသမ ၉၀၅ သန်းဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment