Saturday, May 11, 2019

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ မေးခွန်းမမေးရန် စာပို့ပြီးမှ ဝန်ကြီးချုပ်က ပြန်လည်ရုပ်သိမ်း

မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးတွင် ပြည် နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက် တာအောင်နိုင်ဦးအနေဖြင့် မေးခွန်းမေးမြန်းခြင်းမပြုလုပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က စာပေးပို့ခဲ့ကြောင်း မွန်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က ပြောသည်။ ယင်းစာကို မေလ ၉ ရက်တွင် လွှတ်တော်သို့ ပေးပို့သော်လည်း မေလ ၁၀ ရက် နံနက်တွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။ 

‘‘ဒုဥက္ကဋ္ဌက ကိုယ်စားလှယ် ပဲ။ ရွေးကောက်ခံကိုယ်စားလှယ် တိုင်းက မေးခွန်းမေးပိုင်ခွင့်ရှိ တယ်။ ဒေါက်တာအောင်နိုင်ဦး မေးခွန်းတွေက လွှတ်တော်ဥပဒေ၊နည်းဥပဒေတွေနဲ့လည်း ညီပါ တယ်။ ဝန်ကြီးချုပ် လွှတ်တော်ကို ပေးပို့တဲ့စာ ဝင်စာရှိတယ်။ ထွက် စာရှိတယ်။ ဝင်စာကို ပြန်ရုပ်သိမ်း ပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စကို ဘာမှ မပြောချင်ဘူး’’ဟု ဒေါ်တင်အိက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအာဏာ၊ လွှတ်တော် ဒုဥက္ကဋ္ဌသည် ဥပဒေပြုရေးအာဏာဖြစ်သဖြင့် အာဏာသည် သီးခြားဖြစ်ကြောင်း၊ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ အပြန်အလှန်လေးစားသင့်ကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်စာပေးပို့ခြင်းကို သိသော်လည်း ယင်းကိစ္စကို မပြောကြားလိုကြောင်း၊ လာမည့် အစည်းအဝေးတွင် မေးခွန်းမေး မြန်းသည့်ကိစ္စ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

‘‘အစိုးရသက်တမ်းအသစ် လွှတ်တော်အစည်းအဝေးမှာ ကျွန် တော်အပတ်တိုင်း မေးခွန်းမေးခဲ့ တယ်။ ကိုယ်စားလှယ်တစ်ဦးကို လွှတ်တော်အစည်းအဝေးတစ် ပတ်ကို မေးခွန်း ၁၀ ခုအထိ မေး ပိုင်ခွင့်ရှိတယ်။ ဒီလွှတ်တော်အ စည်းအဝေးမှာ မေးခွန်းခြောက်ခု မေးခဲ့တယ်’’ဟု၎င်းကပြောသည်။

မေလ ၃ ရက် လွှတ်တော် အစည်းအဝေးတွင် ရေးမြို့နယ်ရှိ လမ်းကိစ္စစီမံကိန်းတစ်ခုကို ဝန်ကြီးချုပ်က တင်ဒါမခေါ်ဘဲ ပြုလုပ်နေခြင်းကိစ္စနှင့်ပတ်သက်၍ ဒေါက်တာအောင်နိုင်ဦးက မေးမြန်းခဲ့ သည်။

လမ်းစီမံကိန်းသည် ၂၀၁၈ မီနီဘတ်ဂျက်မှ ကျပ်သန်း ၁,၀၀၀ ငွေကြေးရရှိပြီး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက် ဖြင့် လမ်းခင်းသည့်ကိစ္စကို တင် ဒါကင်းလွတ်ခွင့်ပြုကြောင်း လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသဖြင့် ပြည်နယ်အတွင်း ဝေဖန် မှုရှိခဲ့သည်။  ယင်းကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်ကာ ပြောကြားလိုခြင်းမရှိကြောင်း မွန်ပြည်နယ် အစိုးရဝန်ကြီးတစ်ဦးက ဆိုသည်။

No comments:

Post a Comment