Saturday, May 11, 2019

မုံရွာတွင် တွဲကားတစီး လမ်းဘေးထိုးကျ၊ ယာဉ်နောက်လိုက် ပြုတ်ကျပြီး ဘီးဖြင့် အကြိတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်း၊ တင်ဝင်းထွန်းသစ်ပါးလွှာစက်ရုံအနီးမှာ မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက တွဲကား ၁ စီးက အရှိန်မထိန်းဘဲ လမ်းဘေးရေမြောင်းထဲထိုးကျရာမှ ယာဉ်နောက်လိုက် ပြုတ်ကျပြီး တွဲကားနောက်ဘီးနဲ့ တက်ကြိတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ဖြိုးဇင်ဦး (၂၀ နှစ်) မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ကားကြိတ်ခံရလို့ နေရာတင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဝင်းနိုင်မှာ ခန္ဓာကိုယ် နာကျင်ဒဏ်ရာတွေရခဲ့လို့ မုံရွာဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။



ယာဉ်တိုက်မှုကြောင့် MDY 9I/8134၊ TLR-7914 FOTON AUMAN ၂၂ ဘီးယာဉ်မှာ ဦးခေါင်းပိုင်းအချို့ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု ကျပ် ၇ သိန်း ရှိခဲ့တဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်အောက်မှာ ပိနေတဲ့ ယာဉ်နောက်လိုက်ကို မုံရွာခရိုင် မီးသတ်တပ်ဖွဲ့မှ လ/ထ ညွှန်ကြားရေးမှုး ဦးညီညီဇော် ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ရပါတယ်။

ဒီနှစ်အတွင်း ရှာဖွေကယ်ဆယ်ရေးအနေနဲ့ သင်္ကြန်တွင်း ရေနစ်တာတွေကိုသာ အဓိက ရှာဖွေကယ်ဆယ်ခဲ့ရသေးတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုဖြစ်ရတာနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို Alcohol Tester နဲ့ စစ်ဆေးစမ်းသပ်ချက်အရ အရက်သေစာ သောက်စားထားတာ မရှိဘူးလို့ သိရပါတယ်။ လူသေတဲ့အထိ ဖြစ်ပေါ်အောင် ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းဝင်းနိုင်ကို မုံရွာမြို့မရဲစခန်းမှာ ယာဉ်(ပ) ၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment