Saturday, May 11, 2019

တစ်နိုင်ငံလုံးတွင် စာသင်ဆောင် လေးသောင်းကျော်နှင့် ကျောင်းဆရာဦးရေ ကိုးသောင်းနီးပါး လိုအပ်နေ

 တစ်နိုင်ငံလုံးတွင် ပေ ၆၀×၃၀ ရှိ စာသင်ဆောင် လေးသောင်းကျော် (၄၅,၉၉၃)နှင့် ဆရာ၊ ဆရာမ ၈၇,၉၃၄ ဦး ခန့် အပ်ရန်လိုအပ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယမန် နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ပြောသည်။ ဆရာ၊ ဆရာမ လိုအပ်ချက် သည် မူလတန်းအတွက် ၅၀,၈၂၀ဦး၊ အလယ်တန်းအတွက် ၂၄,၀၃ဦး၊ အထက်တန်းအတွက် ၁၃,၀၇၆ဦးဖြစ်သည်ဟု ဝန်ကြီးက ရှင်းပြ သည်။



‘‘လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေကို နှစ်စဉ်ခန့်ထားနိုင် ဖို့၊ ခွင့်ပြုချက်ရရှိဖို့ စီစဉ်ဆောင် ရွက်နေပါတယ်’’ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။ ထို့အတူ လိုအပ်နေသော ကျောင်းဆောင်များနှင့် အန္တရာယ် ရှိ ကျောင်းဆောင်များကို ဖြည့် ဆည်းပေးနိုင်ရန် နှစ်စဉ်ခွင့်ပြု ဘဏ္ဍာငွေကို အဆိုပြုတင်ပြနေ ကြောင်း ဒေါက်တာမျိုးသိမ်းကြီး က ဆိုသည်။

‘‘လိုတာကို ဖြည့်နိုင် သလောက် ဖြည့်မယ်။ ဖြည့်လို့ မရတဲ့ ကျောင်းကတော့ နှစ်ချိန် ကျောင်းလုပ်သင့်ရင် လုပ်ရမယ်’’ ဟု လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြော သည်။

 မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်မြင့်ဦးက KG+12  စနစ်ပညာရေး အောင်မြင်ရန် KG စာသင်ခန်းများ အဆင့်မြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်း အလုံ အလောက်ထောက်ပံ့ခြင်း၊ ဆရာ၊ဆရာမများအား လုံလောက်သော  သင်တန်းများနှင့် အခွင့်အလမ်း များ ပေးဆပ်ခြင်းနှင့် မိဘဆရာ များကို လက်ရှိအခြေအနေထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု အား ကောင်းလာစေရန် ကျောင်းတိုင်း ၌ ပညာရေးဆွေးနွေးပွဲများ ပြုလုပ်ပေးရန် အစီအစဉ်ကို မေးခွန်းမေး မြန်းရာတွင် ထိုသို့ ပြန်လည်ဖြေ ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် အစိုးရ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၊ ပုဂ္ဂလိကကျောင်း စုစု ပေါင်း ၄၉,၄၂၃ ကျောင်းရှိပြီးဆရာဦးရေ လေးသိန်းကျော်ရှိကာ ကျောင်းသားဦးရေ ကိုးသန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးက ပြောသည်။

No comments:

Post a Comment