Saturday, May 11, 2019

ဒေါ်အောင်ဆန်းစုကြည်နှင့် မကွေးတိုင်းပြည်သူလူထု တွေ့ဆုံပွဲသို့ လူ ၂,၀၀၀ ခန့် တက်ရောက်

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မကွေးတိုင်းပြည်သူလူထုနှင့် တွေ့ဆုံပွဲကို မကွေးမြို့တော်ခန်းမတွင် ကျင်းပရာ ပြည်သူ ၂,၀၀၀ ခန့် တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲကို မေလ ၉ ရက် ညနေ ၅ နာရီခန့်တွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ ခန်းမအတွင်း ပြည်သူလူထု ၁,၀၀၀ ကျော်နှင့် ခန်းမအပြင် ဘက်၌ ၈၀၀ ကျော် တက်ရောက် ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အလုပ်အကိုင်ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာ ရေး စသည့်ကဏ္ဍများ ရှင်းလင်းပြောကြားခဲ့သည်။  ‘‘ကျွန်မတို့ အစိုးရ စပြီး တာဝန်ယူကတည်းက ပထမတစ် နှစ်မှာ နံပါတ် (၁)အလုပ်အကိုင် ဖန်တီးရေးကို သတ်မှတ်လိုက် တယ်။ ဒါပေမဲ့ နောက်ငါးလ၊ ခြောက်လလောက်မှာ ကျွန်မတို့ ဘာ သတိပြုမိလဲဆိုတော့ အလုပ် အကိုင်ဖန်တီးရေးအတွက် အခြေ ခံကျတဲ့ တစ်ခုကတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိ ရေးပဲ။ လမ်းပန်းဆက်သွယ်ရေး ကောင်းလာပြီ၊ လျှပ်စစ်မီးရလာ ပြီဆိုရင် ကိုယ့်ဘာသာကိုယ် လုပ် ငန်းလေးတွေ ထူထောင်တဲ့အခွင့် အရေးလေးတွေရလာတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ ထို့အပြင် လမ်းပန်းဆက် သွယ်ရေး  ကောင်းလာခြင်းက တောင်သူများ အနေဖြင့် မိမိတို့၏ လယ်ယာထွက်ကုန်များကို လို အပ်ချိန်တွင် မြန်ဆန်စွာ တင်ပို့ ရောင်းချလာနိုင်သည့် အခွင့်အ လမ်းများရရှိလာမည်ဖြစ်ကြောင်း ၎င်းက  ထည့်သွင်းပြောကြား သည်။ ထို့နောက် တက်ရောက်လာ သည့် ပြည်သူများ၏ မေးမြန်းမှုများကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်သည့် ပြည် ထောင်စုဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး များက ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။

No comments:

Post a Comment