Saturday, May 11, 2019

အရက်အတူသောက်စဉ် စကားများရာမှ သံတုတ်ဖြင့် ရိုက်ခံရသူသေဆုံး

ထန်းတပင်မြို့နယ်၌ အရက်အတူ သောက်နေစဉ် စကားများရန်ဖြစ်ရာမှ သံတုတ် ဖြင့် ရိုက်နှက်၍ လူသေဆုံးမှုဖြစ် ပွားကြောင်း မေလ ၁၀ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် သည်။  သေဆုံးသူသည် ထန်းတပင် မြို့နယ် ကမြိုင်အုပ်စု ညောင်လေး ပင်ကျေးရွာနေ (၃၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး မေလ ၉ ရက် နံနက် ၇ နာရီက ကမြိုင်ရွာအ နောက်ရှိ လယ်တောအတွင်း ဦးခေါင်း၊ ခြေထောက်ပေါက်ပြဲ စုတ်ပြတ်ဒဏ်ရာများဖြင့် သတိလစ်လဲကျနေသည်ကို ဒေသခံ တစ်ဦးက တွေ့ရှိအကြောင်းကြား ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ 
သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးရာ ပြစ် မှုကျူးလွန်သူသည် (၃၆)နှစ်ရှိ မျိုးနိုင်ဆိုသူဖြစ်ပြီး မေလ ၈ ရက် ည ၇ နာရီတွင် ဖားရိုက်ရန် စောသာတောကို လာရောက်ခေါ် သွားကြောင်း၊ ယင်းနောက် ၎င်း၏လယ်တဲအရှေ့ရှိ သရက်ပင် အောက်၌ အရက်အတူသောက် စဉ် စကားများရန်ဖြစ်ရာမှ မျိုးနိုင်က သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု  ရဲ မှတ်တမ်း၌ ဆိုသည်။

ဒဏ်ရာရသူကို လှည်းဆိပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသ သော်လည်း မေလ ၁၀ ရက် နံနက် တွင် ကွယ်လွန်ခဲ့သည်။  ‘‘တရားခံကိုတော့ ချက်ချင်း ဖမ်းမိပါတယ်။ အစတုန်းက နာ ကျင်စေမှုနဲ့ အမှုဖွင့်ထားတာ။ နောက်တော့မှ လူသတ်မှုနဲ့ ပြန် ပြောင်းဖွင့်ထားတယ်။ အရက် သောက်ပြီး အချင်းချင်းစကားများ ကြတယ်လို့တော့ ပြောတယ်။ စစ် ဆေးနေတုန်းပါပဲ’’ဟု ထန်းတပင် မြို့နယ် တော်လတဲ့နယ်မြေရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။  ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးနိုင်ကို တော်လတဲ့နယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

No comments:

Post a Comment