Saturday, May 11, 2019

အမေရိကန် လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်း ဦးတည်သွားနေသည့်ရုပ်သံ ထုတ်ပြန်

Image may contain: ocean, outdoor and waterအမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟမ်လင်ကွန်းက အရှေ့အလယ်ပိုင်းဆီ ဦးတည်သွားနေတဲ့ ဗွီဒီယိုဖိုင်ကို အမေရိကန်ရေတပ်က မေ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောအုပ်စုဟာ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီးနောက်မှာတော့ ဆူးအက်တူးမြောင်းကနေတဆင့် တောင်ပိုင်းကို စုန်ဆင်းခဲ့တာပါ။ အဲဒီသင်္ဘောအုပ်စုဟာ အမှတ် (၆) ရေတပ်သင်္ဘောစုကနေ ထွက်ခွာပြီး အမှတ် ၅ ရေတပ်သင်္ဘောစု စစ်ဆင်ရေးနယ်မြေဆီ ၀င်ရောက်လာတာပါ။


သင်္ဘောစုမှာ လေယာဉ်တင် သင်္ဘော၊ ဖရီးဂိတ်စစ်သင်္ဘော နဲ့ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာ သင်္ဘောနှစ်စင်းတို့ ပါဝင်ပါတယ်။ အမှတ် (၆) ရေတပ်သင်္ဘောစု စစ်ဆင်ရေးနယ်မြေမှာ အဲဒီတိုက်ခိုက်ရေး သင်္ဘောစုက သီတင်းပတ်အများကြီး စစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့တွေ၊ အမေရိကန် အကျိုးစီးပွားနဲ့ ကျူးကျော်မှုကို အကောင်းဆုံးဟန့်တားနိုင်စေမယ့် အရှေ့အလယ်ပိုင်းဒေသကို ရေကြောင်းခရီးထွက်ခွာခဲ့တာလို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment