Saturday, May 11, 2019

ရွှေဘိုထောင်ဆူစဉ် Live လွှင့်သူအပါအဝင် အကျဉ်းသားသုံးဦးကို အမှုဖွင့် မိုဘိုင်းဖုန်းသွင်းသည်ဆိုသော ဝန်ထမ်းငြင်းဆိုနေ၍ ထိန်းသိမ်းစစ်ဆေးနေဆဲ

ရွှေဘိုအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်တင်သည့် အကျဉ်းသားအပါအဝင် သုံးဦးကို ရွှေဘိုမြို့မရဲစခန်း၌ ယမန်နေ့က တားမြစ်ပစ္စည်းဆိုင်ရာအကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့်ထားသည် ဟု အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။ ‘‘သုံးယောက်ပေါ့။ Live လွှင့် တဲ့သူနဲ့ ရိုက်တင်တဲ့ သူတွေရော ပေါ့’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။ အမှုဖွင့်ထားသည့် အကျဉ်းသားများ သည် အသက်(၁၉)နှစ်အရွယ်ဖြစ် သည်ဟု ဦးမင်းထွန်းစိုးက ဆို သည်။



ထို့အတူ Live လွှင့်တင်ရာ တွင် အသုံးပြုသည့် မိုဘိုင်းဖုန်းကို အကျဉ်းထောင်အတွင်း ယူဆောင်ပေးသည်ဆိုသော အခြေခံအဆင့် ဝန်ထမ်းသည် ယင်းသို့ မပြုလုပ် ကြောင်း ငြင်းဆိုနေသဖြင့် ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း ၎င်းက ပြော သည်။

‘‘ဝန်ထမ်းကနေ တစ်ဆင့် သွင်းပေးတယ်။ ဖြစ်နေတယ်ဆို ရင်လည်း အပြန်အလှန်မျက်နှာ ချင်းဆိုင်စစ်တယ်။ စစ်ရင် အ ကျဉ်းသားက ဝန်ထမ်းသွင်းပေး တယ်။ ဝန်ထမ်းက ဟုတ်လား၊ မဟုတ်သလား၊ သက်သေမရှိရင်၊မခိုင်လုံရင် မရဘူးလေ။ လောလောဆယ် လက်ထဲမှာ ရှိနေတဲ့သူ အဲဒီလူကိုပဲ အရေးယူရမယ်’’ဟု ဦးမင်းထွန်းစိုးက ပြောသည်။

ထို့ကြောင့် ဝန်ထမ်းကို အမှု ဖွင့်ခြင်း မရှိသေးကြောင်း အထက်ပါအရာရှိက ရှင်းပြသည်။

‘‘ပြီးရင် ဌာနဆိုင်ရာက ခုံစုံ နဲ့စစ်မယ်။ ဒီဝန်ထမ်းစစ်ဆေးလို့ အဲဒီအဖွဲ့ရဲ့ ထောက်ခံချက်အရ မှန်ပါတယ်၊ လုပ်ပါတယ်ဆိုရင် သူ့ဆီကပါဆိုရင်၊ ဆုံးဖြတ်ခဲ့ရင် အဲဒီဝန်ထမ်းကို အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ နဲ့ တရားစွဲ ရမယ်’’ဟု ဦးမင်းထွန်းစိုးက ဆက် လက်ပြောသည်။

ရွှေဘိုအကျဉ်းထောင်ဆူပူမှု ဖြစ်နေစဉ် မေလ ၉ ရက် နေ့လယ် က ထောင်အတွင်း အခြေအနေ များကို အကျဉ်းသားတစ်ဦးက ဖေ့စ်ဘွတ်ခ်ပေါ်တွင် Live လွှင့်ခဲ့ သည်။

တိုက်ရိုက်ကြည့်နေသူအချို့ က အကျဉ်းထောင်အတွင်း မည် သည့်နည်းဖြင့် ဖုန်းသုံးနေသနည်း ဟု မှတ်ချက်ပြုမေးမြန်းရာ ‘‘အ ကျဉ်းထောင်ဝန်ထမ်းဆီက ကျွန် တော်တို့ မတန်မဆဈေးနဲ့ ပြန်ဝယ် ထားတာဗျ။ ကျွန်တော်တို့ Live လွှင့်နေတဲ့ဖုန်းက ခြောက်သောင်း ပဲ တန်တယ်။ မနေ့က ဒီလိုဖြစ်လို့ ထောင်ဝန်ထမ်းကို ငါးသိန်းပေးပြီး မရရအောင် သွင်းခိုင်းထားတာဗျ’’ ဟု ပြန်လည်ဖြေကြားသည်။

ယင်းဖြစ်စဉ်များနှင့် စပ် လျဉ်း၍ ရွှေဘိုအကျဉ်းထောင် ထောင်ပိုင် ဦးဇော်ထွန်းက ယမန် နေ့နံနက်တွင် သတင်းမီဒီယာအ ချို့နှင့်တွေ့ဆုံစဉ် မေလ ၈ ရက်နှင့် ၉ ရက်၌ အခင်းဖြစ်ပွားစဉ် သေစေလောက်သည့် လက်နက်များ အကျဉ်းသားအချို့၏ လက်ဝယ် တွင်ရှိကြောင်း၊ လက်ရှိ၌ ထောင်အတွင်း အထူးရှာဖွေရေးဆောင် ရွက်နေပြီး မိုဘိုင်းဖုန်းရောင်းချ သည့် ဝန်ထမ်းကို အရေးယူမည် ဖြစ်ကြောင်း ပြောသည်။

‘‘နားလည်မှုနဲ့ ရောင်းလိုက် တာ’’ဟု ဦးဇော်ထွန်းက ဆိုသည်။ အကျဉ်းသားလေးဦးသေ၊ နှစ်ဦး ဒဏ်ရာရသည့် ရွှေဘိုအကျဉ်း ထောင်၏မေလ ၁၀ ရက်အခြေ အနေ တည်ငြိမ်နေသော်လည်း လုံခြုံရေးချထားဆဲဖြစ်သည်။

ရွှေဘိုထောင်မှ အကျဉ်းသား သုံးဦးကို အမှုဖွင့်ထားသည့် အ ကျဉ်းထောင်အက်ဥပဒေ ၄၂ သည် အမြင့်ဆုံးထောင်ဒဏ်ခြောက်လ ကျခံရနိုင်သည်။

မြန်မာနှစ်သစ်ကူးနောက် ပိုင်း နိုင်ငံတော်သမ္မတက လွတ် ငြိမ်းသက်သာခွင့် သုံးကြိမ်ပေးရာ တွင် ပထမနှင့် ဒုတိယအကြိမ်၌ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားအချို့ ပါဝင်သော်လည်း မျှတ မှုမရှိဆိုကာ ဆူပူဆန္ဒပြမှုဖြစ်ခဲ့ ပြီး မေလ ၇၊ ၈၊ ၉ ရက်များ၌ ဘားအံ၊ မော်လိုက်−ကလေး၊ မြစ်ကြီးနား၊ ပုသိမ်၊ သာယာဝတီ၊ ထားဝယ်နှင့် ကသာတို့ရှိ အကျဉ်း ထောင်များ၌လည်း အလားတူဖြစ် ပွားခဲ့သည်။

ဆူပူမှုဖြစ်ခဲ့သည့် အကျဉ်း ထောင်အားလုံး၌ အရေးယူခံရ သူဦးရေ စုစုပေါင်းကိုမူ ယမန်နေ့ညနေအထိ  အကျဉ်းဦးစီးဌာနက အတည်ပြုပေးနိုင်ခြင်း မရှိသေးပေ။ အဆိုပါဖြစ်စဉ်များနှင့်စပ် လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက မေလ ၉ ရက်တွင် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပြီး ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်များကို အ ကြောင်းပြုကာ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ ရှိနေ ကြောင်း သုံးသပ်ရရှိ၍ အကျဉ်း ထောင်ဆူပူမှုများနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေးမည်ဟု ပါဝင်သည်။

No comments:

Post a Comment