Saturday, May 11, 2019

ကျပ်တစ်ထောင်တန်အောင်ဘာလေထီကိုယ်စားလှယ်အချို့ သုံးလဆက်တိုက် ၀ယ်ယူရန်ပျက်ကွက်

ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ကိုယ်စား လှယ်အချို့က ၀ယ်ယူရန်ပျက် ကွက်မှုသည် မတ်လမှ မေလအ ထိ သုံးလဆက်တိုက်ဖြစ်ပေါ်နေ ကြောင်း အဆိုပါဌာနထုတ်ပြန် ချက်များက ဆိုသည်။ အဆိုပါကျပ်တစ်ထောင် တန်ထီကို ၀ယ်ယူခွင့်ရရှိထား သည့်ထီကိုယ်စားလှယ်အချို့က မတ်လကစတင်၍ သတ်မှတ်အ ရေအတွက်အတိုင်း ၀ယ်ယူခြင်း မရှိသည့်အပြင် ယခုမေလအ တွက်လည်း ၀ယ်ယူရန်ပျက်ကွက် မှုများရှိနေကြောင်း အောင်ဘာ လေသိန်းဆုဌာနခွဲက မေလ ၁၀ ရက်တွင် ကြေညာသည်။



ယခုအချိန်ထိ ၀ယ်ယူရန် ပျက်ကွက်သည့် ထီစောင်ရေကို ထုတ်ပြန်ထားခြင်း မရှိသော် လည်း ပြန်လည်ရောင်းချလိုသူ များသည် ယင်းထီလက်မှတ်များ ကို မေလ ၂၈ ရက်အထိဝယ်ယူ နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ၀ယ်ယူရန်ပျက် ကွက်သူများသည် စာရင်းသွင်း ထားသည့် ထီလက်မှတ်စောင်ရေ ပေါ်မူတည်ကာ အာမခံငွေများ ပေးသွင်းထားသောကြောင့် သတ် မှတ်ကာလအတွင်း ၀ယ်ယူခြင်း မရှိပါက ယင်းအာမခံငွေများကို သိမ်းယူရမည့်အခြေအနေရှိနေ ကြောင်း ဖော်ပြထားသည်။

‘‘ထီကိုယ်စားလှယ်အများစု က ၀ယ်ပြီးရင်လက်ကျန်များလို့ ရှုံးနေတာကြောင့် စာရင်းပေး ထားတဲ့စောင်ရေအပြည့်မထုတ် နိုင်ကြတော့ဘူး။ အာမခံငွေပဲ အ ရှုံးခံတော့တယ်။ အဲဒါက ပိုသက် သာလို့လေ’’ ဟု ထီကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ကျပ်တစ်ထောင်တန်ထီကို ယခုနှစ်ဖေဖော်ဝါရီကစတင် ဖြန့် ဝေရောင်းချခဲ့ပြီး ယင်းလတွင်ထီ ကိုယ်စားလှယ်များထံ စောင်ရေ ပြည့်ဖြန့်ဝေနိုင်ခဲ့ကာ နောက်လ များတွင် ထီရုံး၌ လက်ကျန်ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ထီလက်ကျန်ဖြစ်ပေါ် မှုသည် မတ်လက အုပ်ရေလေး သိန်းကျော်(စောင်ရေ ၄ဒသမ ၄ သန်းကျော်)၊ ဧပြီလက အုပ်ရေ နှစ်သိန်းခြောက်သောင်း (စောင် ရေ ၂ ဒသမ ၈ သန်းကျော်) ရှိခဲ့ ကြောင်း အောင်ဘာလေသိန်းဆု ဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment