Saturday, May 11, 2019

မွန်ပြည်နယ်လွှတ်တော်တွင် လမ်းစီမံကိန်းကိစ္စ တင်ဒါမခေါ်ခြင်းသည် ၀န်ကြီးချုပ်နှင့်သာသက်ဆိုင်ဟု အမတ်တစ်ဦး တင်ပြ

မွန်ပြည်နယ် ရေး မြို့နယ်ရှိ အောင်သပြေ-နှစ်က ရင်ကျေးရွာချင်းဆက် လမ်းစီမံ ကိန်းကို တင်ဒါမခေါ်ခြင်းသည် ၀န်ကြီးချုပ်နှင့်သာ သက်ဆိုင် ကြောင်း မော်လမြိုင်ကိုယ်စား လှယ်ဦးမင်းထင်အောင်ဟန်က လွှတ်တော်သို့ တင်ပြသည်။ မေလ ၉ ရက်ကကျင်းပ သည့် လွှတ်တော်အစည်းအဝေး တွင် အဆိုပါလမ်းကိစ္စစီမံကိန်းကို တင်ဒါမခေါ်ခြင်းသည် ၀န်ကြီး ချုပ်နှင့်သာသက်ဆိုင်ပြီး ဒေါ် အောင်ဆန်းစုကြည်ကို ကာဗာ လုပ်၍ စွပ်စွဲပြောခြင်းသာဖြစ် ကြောင်း ဦးမင်းထင်အောင်ဟန် က ဆိုသည်။



‘‘လမ်းစီမံကိန်းကိစ္စ တင်ဒါ မခေါ်တာ ကျွန်တော်တို့ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝပတ်သက်တာမရှိဘူး။ ဒါက ၀န်ကြီးချုပ်ပဲ တာဝန်ယူရမယ်၊ ဖြေရှင်းရမယ်ဆိုတာ ကျွန်တော် လွှတ်တော်ကတစ်ဆင့် အသိပေး ခြင်းဖြစ်တယ်’’ ဟု ၎င်းက လွှတ် တော်တွင် တင်ပြခဲ့သည်။

အဆိုပါလမ်းစီမံကိန်းသည် ၂၀၁၈ မီနီဘတ်ဂျက်မှ ကျပ်သန်း တစ်ထောင်ရရှိပြီး နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက် ဖြင့် လမ်းခင်းသည့်ကိစ္စကို တင်ဒါ ကင်းလွတ်ခွင့်ပြုကြောင်း မေလ ၃ ရက်က ကျင်းပသော လွှတ် တော်အစည်းအဝေးတွင် ၀န်ကြီး ချုပ်ဒေါက်တာအေးဇံက ပြော ကြားသည်။

‘‘၀န်ကြီးချုပ်က ဒေါ်အောင် ဆန်းစုကြည်ကို ကာဗာလုပ်တဲ့ ကိစ္စ ပါတီကခေါ်၊ မခေါ် ကျွန် တော်မသိဘူး။ ဒါပေမဲ့ ဒေါက်တာ မျိုးညွန့်ခေါ်မယ်ဆိုပြီး ကြား တယ်။ ဒေါက်တာအေးဇံကို ဘာ မှ မဖြစ်စေချင်ဘူး။ အစိုးရသက် တမ်းက ဘယ်လောက်မှ မကျန် တော့ဘူး။ သွားတဲ့သက်တမ်းမှာ မှန်မှန်ကန်ကန်လုပ်စေချင်တယ်။ ဒီနေ့လွှတ်တော်မှာ ပြောတာ ဆိုတာ မှတ်တမ်းဝင်တယ်။ လွှတ် တော်မှာပြောတယ်ဆိုတာမဟုတ် တဲ့အကြောင်းကို လွှတ်တော်မှာ သိအောင် တရားဝင်တင်ပြ တယ်’’ ဟု ဦးမင်းထင်အောင်ဟန် က ပြောသည်။

 ဦးမင်းထင်အောင်ဟန် လွှတ်တော်သို့ တင်ပြချိန်တွင် ၀န် ကြီးချုပ်ဒေါက်တာအေးဇံသည် ကန့်ကွက်ခြင်း၊ ဟုတ်မှန်ခြင်း၊ တစ်စုံတစ်ရာပြောခြင်း မရှိပေ။ အထက်ပါ တင်ပြခြင်းနှင့် ပတ် သက်၍ ဒေါက်တာအေးဇံကို မေး မြန်းသော်လည်း ဖြေကြားခြင်းမရှိ ပေ။ အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်းသည် လေးမိုင် သုံးဖာလုံရှိပြီး တစ်မိုင် လေးဖာလုံရှိ ကွန်ကရစ်လမ်းခင်း ခြင်းကို ၂၀၁၈ မီနီဘတ်ဂျက် ကျပ်သန်းတစ်ထောင်ဖြင့် ယင်း ဒေသရှိ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းဆောင် ရွက်နေသည့် SME ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

No comments:

Post a Comment