Saturday, May 11, 2019

ရိုးမားနည်းပြ ရာနီရေရီ ယခုရာသီကုန်လျှင် အသင်းမှထွက်ခွာမည်

ရိုးမားနည်းပြရာနီရေရီ က ယခုရာသီကုန်ချိန်တွင်အသင်း မှ ထွက်ခွာမည်ဟု အတည်ပြု ပြောကြားသည်။ ၂၀၁၆ က လက်စတာနှင့် အတူ ပရီးမီးယားလိဂ်ဖလားရရှိခဲ့ သော အီတလီနိုင်ငံသားရာနီရေရီ သည် ဖူလ်ဟမ်၏ ထုတ်ပယ်ခြင်း ခံရပြီးနောက် မတ်လက မွေးရပ် မြို့ကလပ်ရိုးမားကို စတင်ကိုင် တွယ်ခဲ့သည်။ ရာနီရေရီသည် ယခုရာသီ ကုန်ချိန်အထိ ရိုးမားနှင့်စာချုပ် ချုပ်ဆိုထားပြီး ယင်းထက်ကျော် လွန်၍ စာချုပ်သက်တမ်းတိုးရန် ဖြစ်နိုင်သော်လည်း ရိုးမားမှ ထွက် ခွာမည်ဖြစ်ကြောင်း သောကြာ နေ့က အတည်ပြုသည်။ လက်ကျန်သုံးပွဲပြီးလျှင် ရိုး မားအသင်းနှင့် မိမိ၏အလုပ်တာ ၀န် ပြီးဆုံးမည်ဖြစ်ကြောင်း ရာနီ ရေရီက ပြောသည်။


ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယိုကွန်တီသည် ရိုးမား နည်းပြဖြစ်လာမည်ဟု ချိတ်ဆက် ပြောဆိုမှုများ ရှိနေသော်လည်း ၎င်းသည် လာမည့်ရာသီတွင် အင် တာမီလန်နည်းပြဖြစ်လာဖွယ်ရှိ သည်။ ၂၀၀၉ နှင့် ၂၀၁၁ ကြား ရိုး မားကို ယခင်ကကိုင်တွယ်ဖူးသော ရာနီရေရီသည် ၎င်းကိုင်တွယ် သော ကိုးပွဲတွင် လေးပွဲနိုင်၊ သုံးပွဲ သရေနှင့် နှစ်ပွဲရှုံးနိမ့်ပြီး လောလောဆယ် စီးရီးအေအမှတ်ပေး ဇယားနံပါတ်(၆)နေရာ၌ နံပါတ် (၅)မှ အေစီမီလန်နှင့်ရမှတ်တူ ၅၉ မှတ်ဖြင့် ရပ်တည်နေသည်။ ယခုရာသီရိုးမား၏ ယိုင်နဲ့ သောခြေစွမ်းကြောင့် ထိပ်တန်း လေးသင်းဝင်ခွင့် အချည်းနှီးဖြစ်ခဲ့ သော်လည်း လက်ကျန်သုံးပွဲအလို တွင် နံပါတ်(၄)နေရာမှ အတ္တလန် တာနှင့် သုံးမှတ်သာကွာဟသည်။ ရိုးမားသည် လာမည့်တနင်္ဂ နွေနေ့တွင် ချန်ပီယံဂျူဗင်တပ်နှင့် ရင်ဆိုင်ကာ ဆတ်ဆူလိုကွင်းသို့ သွားရောက်ကစားပြီး ပါးမားနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

No comments:

Post a Comment