Saturday, May 11, 2019

မွေးနေ့တိုင်း အလှူတွေနဲ့ ဖြတ်သန်းဖြစ်တယ်ဆိုတဲ့ ဟိန်းဝေယံ

 မေလ ၁၂ ရက်တွင် ကျ ရောက်မည့်မွေးနေ့၌ ရန်ကုန် ဆေးရုံကြီးတွင် အာဟာရဒါနပြု ရန် အစီအစဉ်ရှိကြောင်း သရုပ် ဆောင်ဟိန်းဝေယံက ပြောသည်။ ‘‘မွေးနေ့တိုင်းကို အလှူတွေ နဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။ မနှစ် က ရန်ကုန်ဆေးရုံကြီးမှာ လှူဖြစ် သလို တခြားနေရာတွေမှာလည်း လှူဖြစ်ပါတယ်။ ဒီနှစ်လည်း ရန် ကုန်ဆေးရုံကြီးမှာ မနက်စာလှူ ဒါန်းမှာပါ’’ ဟု ဟိန်းဝေယံက ပြောသည်။ အသက်တစ်နှစ်ကြီးလာ သည်နှင့်အမျှ ယခင်ထက်ရင့် ကျက်တည်ငြိမ်မှုရှိလာကာ အ မှားနည်းရန် ကြိုးစားနေထိုင် ကြောင်း ၎င်းကဆိုသည်။



လတ်တလောအနုပညာ လှုပ်ရှားမှုအဖြစ် ဇာတ်ကားရိုက် ကူးရေးများလက်ခံထားသလို ၎င်း ပါဝင်သရုပ်ဆောင်သည့် ရင်ခွင် ရှင်းတမ်းဇာတ်လမ်းတွဲကို မေလ ၂၄ ရက်တွင် စတင်ထုတ်လွှင့် မည်ဖြစ်ကြောင်း ဟိန်းဝေယံက ပြောသည်။

‘‘ရင်ခွင်ရှင်းတမ်းက ကျွန် တော့်ရဲ့ ဒုတိယမြောက်ဇာတ် လမ်းတွဲ၊ ဒီကားက ကာရိုက်တာ ကတော့ ရှေ့မှာတော့ ရိုက်ဖူးပါ တယ်။ ဒီကားထဲမှာတော့ တော် တော်ဆိုးတယ်။ အရက်သောက် တယ်၊ ဖဲရိုက်တယ်။ သူများကိုပါ ဒုက္ခပေးတယ်။ ခပ်ဆိုးဆိုး ပေပေ တေတေပုံစံမျိုးပါ’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတွဲတွင် ဟိန်းဝေယံ၊ ညိမ်းသော်၊ အုပ်သာ ကျော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်နှင့် သီရိစိုးတို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

‘‘အခုချိန်မှာ ရုပ်ရှင်ရိုက်တာ တွေ နည်းနည်းပါးလာတော့ ဇာတ်လမ်းတွဲတွေပေါ်လာတဲ့အ ခါမှာ ပရိသတ်တွေကလည်း သူ တို့အားပေးတဲ့အနုပညာရှင်တွေ ကို မြန်မြန်ကြည့်ခွင့်ရတယ်လို့ ထင်ပါတယ်’’ ဟု ဇာတ်လမ်းတွဲ ရိုက်ကူးမှုများပြားလာသည့်အ ပေါ် ၎င်း၏အမြင်ကိုပြောသည်။

ကိုယ်တိုင်ဒါရိုက်တာအနေ ဖြင့်​ ရိုက်ကူးထားသည့်‘မာယာက ကြိုး’ရုပ်ရှင်ကို  အသံပိုင်းပြင်ဆင် နေပြီး ဆင်ဆာတင်ပြီးပါကအမြန် ဆုံးရုံတင်ပြသနိုင်ရန် ကြိုးစားမည် ဟု ၎င်းက ဆိုသည်။ ‘‘အခက်အခဲတွေတော့ရှိခဲ့ ပါတယ်။ ပထမဆုံးရိုက်ကူးတဲ့ ကားဖြစ်တဲ့အတွက် အထိုက်အ လျောက်တော့ အားရကျေနပ်မှုရှိ ပါတယ်။ ရာနှုန်းပြည့်တော့ မဟုတ်ဘူး။ ဆက်ပြီးလေ့လာရဦး မှာပါ’’ ဟု ဟိန်းဝေယံက ပြော သည်။

No comments:

Post a Comment