Saturday, May 11, 2019

ကျိုင်းတုံတွင် တစ်ကိုတော် လမ်းလျှောက် ဆန္ဒဖော်ထုတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ငြိမ်းစုစီု ဥပဒေခွင့်ပြုချက်ဖြင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ပထမဆုံးအကြိမ် တစ်ကိုယ်တော်လမ်းလျှောက် ချီတက်ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်သူ ဦးကြည်မင်းက “ကျွန်တော့်သား မူးယစ်ပုဒ်မ ၁၉ (င) နဲ့ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်လို့ ခုလို ဆန္ဒထုတ်ဖော်တယ် ဆိုတာထက် တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ အကျဉ်းထောင်များက အရေအတွက် အနည်းငယ်သော မူးယစ်ဆေးဝါးမိပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းကျနေတဲ့ အကျဉ်း သားတွေထဲမှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြခိမ်းချမ်းသာခွင့်နဲ့ သရုပ်ဆောင် မိုးအောင်ရင် လွတ်လာပြီး အလားတူ ပုဒ်မနဲ့ ကျခံနေရသူတွေ မလွတ်မြောက်ဘဲ ကျန်နေတဲ့ သူတွေကို လွတ်မြောက်စေဖို့ ရည်ရွယ်ပြီး အခုလို ဆန္ဒ ဖော်ထုတ်ရတာဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
သရုပ်ဆောင်မိုးအောင်ရင်သည် မြန်မာနှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတ၏ တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မေလ ၇ ရက်က တတိယအကြိမ် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ၎င်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ သုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ ရှိမှု ပုဒ်မ-၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။
မြန်မာနှစ်သစ်ကူးကာလအတွင်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများအား စိစစ်ပြီး နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် ၃ ကြိမ်ပြုလုပ်ခဲ့ရာ နှစ်ဆန်း တစ်ရက်နေ့က နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား ၉၅၀၀ ကျော်၊ ဒုတိယအကြိမ် ဧပြီ ၂၆ ရက်က ၆၉၀၀ ကျော်နှင့် တတိယ အကြိမ် အကျဉ်းသား၊ အကျဉ်းသူ ၆၅၂၀ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment