Saturday, May 11, 2019

ဟားခါးတွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်း ရှိ၊ မရှိ ဆန်းစစ်ရေး ကုမ္ပဏီများကို ဖိတ်ခေါ်

ချင်းပြည်နယ် ဟားခါး မြို့နယ်ရှိ မြေဧကတစ်သောင်း ကျော်တွင် ဘိလပ်မြေထုတ်လုပ် ရန် ဖြစ်နိုင်စွမ်းရှိ၊ မရှိ လေ့လာ ဆန်းစစ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဘူမိဗေဒလေ့လာ ရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနက ဖိတ်ခေါ်သည်။ အဆိုပါ မြေနေရာကိုပြီးခဲ့ သည့် ဖေဖော်ဝါရီတွင် ပထမအ ကြိမ် တင်ဒါခေါ်ယူသော်လည်း လျှောက်ထားသည့် ကုမ္ပဏီသည် နိုင်ငံတော်ကိုပေးဆပ်ရန် အကြွေးကျန်ရှိနေသော ကုမ္ပဏီဖြစ်၍ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။



‘‘ဖက်စပ်လုပ်ဖို့ပါ။ နိုင်ငံခြား ကုမ္ပဏီက အဆင်သင့်ရှိတယ်။ ပြည်တွင်း ကုမ္ပဏီဘက်က အ ဆင်သင့်မဖြစ်လို့ ပြန်ခေါ်ရတာ ပါ’’ ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောကြားသည်။

အဆိုပါ စီမံကိန်းကို စိတ်ဝင်စား ပါက ကုမ္ပဏီများသည် ဇွန်လ ၁၀ ရက် နောက်ဆုံးထား၍ ဌာနသို့ လျှောက်ထားရမည် ဖြစ်သည်။။ ယခုလုပ်ကွက်သည် ဟားခါးမြို့ နယ်နှင့် ဂန့်ဂေါမြို့နယ်အကြား ဘုံဇုံးဒေသ၌ရှိပြီး ဂန့်ဂေါမြို့မှ နာရီပိုင်းအတွင်း သွားရောက်နိုင် သည်။

ချင်းပြည်နယ်အတွင်း ပမာ ဏကြီးမားသော သတ္တုသိုက်များ ရှိနေ၍ သတ္တုတူးဖော်ရေးကဏ္ဍ တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန် လွယ်က ဖိတ်ခေါ်ထားသည်။

ချင်းပြည်နယ်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေး၊ အခြေခံအဆောက် အအုံ၊ ရေအားလျှပ်စစ်နှင့် ဓာတ် သတ္တုတူးဖော်ရေးသည် ရင်းနှီး မြှုပ်နှံရန် အလားအလာရှိသော လုပ်ငန်းများဖြစ်ကြောင်း ၀န်ကြီး ချုပ်က ပြောသည်။ သတ္တုတူးဖော်ရေးတွင် နီ ကယ်၊ ခရိုမိုက်၊ ထုံးကျောက်၊ ကြေးနီတို့ အများအပြားမတူး ဖော်ရသေးကြောင်း ၀န်ကြီးချုပ် က ပြောသည်။

No comments:

Post a Comment