Saturday, May 11, 2019

ဝိုင်ဘီအက်စ် (၃၉)ယာဉ်တစ်စီး မီးလောင်၊ ထိခိုက်ဒဏ်ရာရမှုမရှိ

လှိုင်မြို့နယ် အုတ်ကျင်း မှတ်တိုင်၌ ၀ိုင်ဘီအက်စ် (၃၉) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ယာဉ်အနောက်ဘက် အင်ဂျင်ခန်းဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မှတ်တိုင်တွင် ခရီးသည် တင်၊ချ ပြုလုပ်နေစဉ် မီးလောင် ကျွမ်းခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။ ‘‘သူက ကားမှတ်တိုင်မှာရပ် ထားတုန်း ကားနောက်ခန်းကနေ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးခိုးတွေ ထွက်လာတော့ ဆင်းကြည့်တယ်။ ပြီးတော့ မီးလောင်တာပါ။ ခရီး သည်တွေတော့ ဖြစ်ဖြစ်ချင်း ပြေး ဆင်းကြတော့ ဘာမှမဖြစ်ပါဘူး။ အဲဒီမှာက လှိုင်မီးသတ်တပ်ဖွဲ့နဲ့ နီးတော့ မီးငြှိမ်းနိုင်ခဲ့ပါတယ်’’ ဟု ၎င်းကပြောသည်။



မေလ ၁၀ ရက် နံနက် ၈ နာရီခွဲတွင် ၀ိုင်ဘီအက်စ် (၃၉) ခရီးသည်တင်ယာဉ်သည် သမိုင်း လမ်းဆုံဘက်မှ  လှည်းတန်းဘက် သို့ မောင်းနှင်လာစဉ် ထိုသို့ဖြစ် ပွားခြင်းဖြစ်သည်။

နံနက် ၈ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ပြီး    မီးလောင် ကျွမ်းမှုကြောင့် ယာဉ်ပျက်စီးဆုံးရှုံးမှုကျပ်ရှစ်သောင်းဖိုးရှိကြောင်း နှင့် ယာဉ်ကို လှိုင်မြို့မရဲစခန်းတွင် သိမ်းဆည်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

‘‘ရုတ်တရက်ဆိုတော့ လန့် သွားတာပေါ့။ ခရီးသည်တွေက လည်း ပြေးဆင်းကြတယ်။ ဒီနား မှာ ရှိတဲ့သူတွေနဲ့ မီးသတ်ကလူ တွေ ဝိုင်းငြှိမ်းကြလို့ တော်သေး တယ်။ ညှော်နံ့တွေ တအားထွက် လာလို့ ကားသမားက ဆင်းကြည့် တာကို တွေ့ရတယ်။ နောက် တော့ မီးလောင်တော့တာပဲ’’ ဟု အုတ်ကျင်းမှတ်တိုင်အနီးရှိ မျက် မြင်တွေ့ရှိသူတစ်ဦးက ပြော သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို လှိုင်မြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၂၈၅ (ပေါ့ လျော့မှုကြောင့် မီးလောင်ကျွမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment