Saturday, May 11, 2019

မိုးနဲမြို့နယ်မှ ပအိုဝ်းရွာသား ၁၉ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်ဟုဆို

ရှမ်းပြည်နယ် တောင် ပိုင်း မိုးနဲမြို့နယ် ဟိုနားကျေးရွာ အုပ်စု လွယ်လွန်းကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ၁၉ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဖမ်းဆီးခေါ် ဆောင်ခံရသူများ ပြန်လည်လွတ် မြောက်ရေး ကူညီဆောင်ရွက်နေ သည့် ပအိုဝ်းတိုင်းရင်းသားတစ်ဦး က ပြောသည်။  မေလ ၈ ရက်ညက ရှမ်းစကားပြောသည့် လက်နက်ကိုင် အဖွဲ့တစ်ခုက ရွာသို့ လာရောက် ခေါ်ဆောင်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောကြားကြောင်း အဆိုပါပအိုဝ်းတိုင်းရင်းသားက ပြန်လည်ရှင်းပြသည်။



‘‘လမ်းမှာ တွေ့တဲ့ လူတွေ လည်း ခေါ်သွားတယ်။ အိမ်ထဲမှာ ရှိရင်လည်း နှိုးပြီးခေါ်သွားတယ်။ တချို့က သားအဖနှစ်ယောက်ပါ သွားတယ်။ ဒီနေ့တော့ မိုးနဲဘက် က စစ်ကြောင်းကတော့ သူတို့ နောက် လိုက်သွားတယ်။ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အဖွဲ့တွေ နောက် လိုက်သွားတယ်’’ဟု ၎င်း က ဆိုသည်။

လွယ်လွန်းရွာတွင် အိမ်ခြေ ၃၀ ခန့်ရှိပြီး ဘိန်းစိုက်ပျိုးမှု အဓိက လုပ်ကိုင်ကြောင်း၊ RCSS အနေဖြင့် ယခင်ကလည်း ယင်းကျေးရွာ သို့ ဘိန်းခွန်နှင့် စားနပ်ရိက္ခာများ လာရောက်ကောက်ခံမှုများရှိ ကြောင်း ရွာသားများက ပြောကြား သည်ဟု ၎င်းက ရှင်းပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းဒေသ၌ အခြေပြုလှုပ်ရှား သော ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်း ဦးထံ ဆက်သွယ်ရာ ၎င်းအနေဖြင့် မကြားမိသေးကြောင်း ပြောကြား သည်။ မိုးနဲတွင် RCSS တပ်များလှုပ်ရှားမှုရှိကြောင်း ၎င်းက အတည်ပြုသည်။

မိုးနဲကျေးရွာရှိ ကျေးရွာသား များ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ် သက်ပြီး တပ်မတော်ထံ တိုင်ကြား အကူအညီတောင်းခံထားမှု ရှိ၊ မရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မေလ ၁၀ ရက်က ဆက်သွယ်မေး မြန်းရာ ယင်းနယ်မြေသည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း၌ ပါဝင်ကြောင်း ပြောကြားသည်။ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက် သွယ်ရာ အဆက်အသွယ်မရပေ။  ၂၀၁၈ ဒီဇင်ဘာကလည်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေး ရွာအုပ်စု ဆိုင်းငွန်း (နမ်းဟူး)ရွာ ရွာသူကြီးအပါအဝင် လေးဦးကို RCSS တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်လံရှာဖွေရာ ပစ်ခတ်မှုဖြစ် ပွားပြီး ရွာသားငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။ RCSS တပ်ဖွဲ့ဝင်နှစ်ဦးလည်း ဓားဒဏ်ရာ ရရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းမှာ ရွာသားများက လူအင်အားဖြင့် လက်နက်လု၊ ဓားဖြင့်ခုတ်၍ဖြစ်သည်ဟု RCSS က တုံ့ပြန်သည်။

No comments:

Post a Comment